Connect with us

Hi, what are you looking for?

News

မြို့​တော်​ဂေါက်ကွင်းနှင့် မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရ

အလားတူ မင်္ဂလာဒုံလေတပ်စခန်းရှိ ဝန်ထမ်းလိုင်းခန်းတစ်ခုတွင်လည်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေကို သီး ခြားအတည်မပြုနိုင်သေးပေ။

(မြို့တော် ဂေါက်ကွင်း အတွင်းကျရောက်ခဲ့သည့် ဒုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့တော် ဂေါက်ကွင်းအပါအဝင် မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဒေသခံများက People’s Springသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် အင်းစိန်၊မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေသည်ဟု ဆိုသည်။

(မြို့တော် ဂေါက်ကွင်း အတွင်းကျရောက်ခဲ့သည့် ဒုံးအားတွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“အဲဒီဂေါက်ကွင်းကို စစ်တပ်အသိုင်းအဝိုင်းက ယူထားပြီး အကြီးအကျယ်ပြင်နေတာ။လာလိုက်ရင်လဲ သူတို့အပတ်အသတ်တွေပဲ။ဒီနေ့မနက် ဒုံးကျလို့ ထိတာက အမျိုးသားတစ်ဦးလို့ သိရတယ်။ ဝန်ထမ်းဟုတ်၊မဟုတ်တော့ မသိရသေးဘူး”ဟု မြို့တော်ဂေါက်ကွင်းရှိရာ အင်းစိန်ဂျပန်လမ်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

အလားတူ မင်္ဂလာဒုံလေတပ်စခန်းရှိ ဝန်ထမ်းလိုင်းခန်းတစ်ခုတွင်လည်း ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေကို သီး ခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“အခု မင်္ဂလာဒုံ-အင်းစိန် ပြည်လမ်းတောက် လျှောက်မှာ DC ငါးစီးလောက်ရှိတယ်။တချို့က ရပ်ထားတယ်။တချို့ကားတွေက လှည့်နေတဲ့ပုံစံမျိုးတွေ”ဟု မျက်မြင်တွေ့ရှိသည့် ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၉ နာရီခွဲခန့်က အင်းစိန် -တညင်းကုန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်က ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းစွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။

Trending

Facebook