Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသား​ရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ်ကို အမြစ်ပြတ်​ချေမှုန်းနိုင်မည်ဟု ကယန်းအမျိုးသား​နေ့သို့ ညီ​နောင်တပ်​ပေါင်းစု သဝဏ်လွှာ​ပေးပို့

နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကယန်း အမျိုးသားနေ့ထူးနေ့မြတ်ကို ကျယ်ကျယ်ပြန့်ပြန့်မကျင်း ပနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင် တပ်ပေါင်းစုသည် ကယန်းတိုင်းရင်းသားလူထုနှင့်အတူ ဂုဏ်ယူစွာကြိုဆိုသည်ဟု ဆိုသည်။

ကယန်းတိုင်းရင်းသားလူထုနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်များ အစဥ်အမြဲနိုးကြားလျက်ရှိနေပြီး နိုးကြားနေသော အမျိုးသားရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင်တပ်ပါင်းစုက သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဧပြီ ၁၀ရက်)တွင် ကျရောက်သော (၂၂)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ပြည်သူ့ကာကွယ် ရေးတပ် – မိုးဗြဲ နှင့် ပြည်သူ့ကာကွယ်ရေးတပ် -ဖယ်ခုံ တို့ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင်တပ်ပါင်းစုက သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကယန်း အမျိုးသားနေ့ထူးနေ့မြတ်ကို ကျယ်ကျယ်ပြန့်ပြန့်မကျင်း ပနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင် တပ်ပေါင်းစုသည် ကယန်းတိုင်းရင်းသားလူထုနှင့်အတူ ဂုဏ်ယူစွာကြိုဆိုသည်ဟု ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါအပါအဝင် နိုင်ငံရေးအခြေ အနေအရ ကယန်းအမျိုးသားနေ့ထူးနေ့မြတ်ကို ခမ်းနားစွာမကျင်းပနိုင်ခဲ့သည်မှာ သုံးနှစ်တာရှိပြီဖြစ်သော်လည်း ကယန်းတိုင်းရင်းသားလူထုနှင့်တကွ အမျိုးသားရေးစိတ်ဓာတ်များ အစဥ်အမြဲနိုးကြားနေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နိုးကြားနေသော အမျိုးသားရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် မဆုတ်မနစ်ကြိုးစား အားထုတ်သော ဇွဲ၊သတ္တိ ကို သမိုင်းတွင် ကမ္ဗည်း ရေးထိုးမှတ်ကျောက်တင်ရမည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့အပြင် လွတ်လပ်၍ တရားမျှတသော ပြည် ထောင်စုတည်ထောင်နိုင်ရန်အတွက် ကယန်းလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီမှုသည် အထူးအရေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ညီနောင်တပ်ပါင်းစုက ပြောသည်။

လက်ရှိ တော်လှန်ရေးကာလအတွင်း အာဏာ သိမ်းစစ်ကောင်စီနှင့် အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံးသည် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်စေရန် နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်နိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံးနှင့်ညီညွတ်စွာဖြင့် အတူလက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြု သည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်၏ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

သတင်း

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။