Connect with us

Hi, what are you looking for?

News

အမျိုးသား​ရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ်ကို အမြစ်ပြတ်​ချေမှုန်းနိုင်မည်ဟု ကယန်းအမျိုးသား​နေ့သို့ ညီ​နောင်တပ်​ပေါင်းစု သဝဏ်လွှာ​ပေးပို့

နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကယန်း အမျိုးသားနေ့ထူးနေ့မြတ်ကို ကျယ်ကျယ်ပြန့်ပြန့်မကျင်း ပနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင် တပ်ပေါင်းစုသည် ကယန်းတိုင်းရင်းသားလူထုနှင့်အတူ ဂုဏ်ယူစွာကြိုဆိုသည်ဟု ဆိုသည်။

ကယန်းတိုင်းရင်းသားလူထုနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်များ အစဥ်အမြဲနိုးကြားလျက်ရှိနေပြီး နိုးကြားနေသော အမျိုးသားရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင်တပ်ပါင်းစုက သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဧပြီ ၁၀ရက်)တွင် ကျရောက်သော (၂၂)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ပြည်သူ့ကာကွယ် ရေးတပ် – မိုးဗြဲ နှင့် ပြည်သူ့ကာကွယ်ရေးတပ် -ဖယ်ခုံ တို့ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင်တပ်ပါင်းစုက သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကယန်း အမျိုးသားနေ့ထူးနေ့မြတ်ကို ကျယ်ကျယ်ပြန့်ပြန့်မကျင်း ပနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်-ညီနောင် တပ်ပေါင်းစုသည် ကယန်းတိုင်းရင်းသားလူထုနှင့်အတူ ဂုဏ်ယူစွာကြိုဆိုသည်ဟု ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါအပါအဝင် နိုင်ငံရေးအခြေ အနေအရ ကယန်းအမျိုးသားနေ့ထူးနေ့မြတ်ကို ခမ်းနားစွာမကျင်းပနိုင်ခဲ့သည်မှာ သုံးနှစ်တာရှိပြီဖြစ်သော်လည်း ကယန်းတိုင်းရင်းသားလူထုနှင့်တကွ အမျိုးသားရေးစိတ်ဓာတ်များ အစဥ်အမြဲနိုးကြားနေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နိုးကြားနေသော အမျိုးသားရေးစိတ်ဓာတ်ကသာလျှင် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် မဆုတ်မနစ်ကြိုးစား အားထုတ်သော ဇွဲ၊သတ္တိ ကို သမိုင်းတွင် ကမ္ဗည်း ရေးထိုးမှတ်ကျောက်တင်ရမည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့အပြင် လွတ်လပ်၍ တရားမျှတသော ပြည် ထောင်စုတည်ထောင်နိုင်ရန်အတွက် ကယန်းလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီမှုသည် အထူးအရေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ညီနောင်တပ်ပါင်းစုက ပြောသည်။

လက်ရှိ တော်လှန်ရေးကာလအတွင်း အာဏာ သိမ်းစစ်ကောင်စီနှင့် အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံးသည် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်စေရန် နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်နိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံးနှင့်ညီညွတ်စွာဖြင့် အတူလက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြု သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်စေဖို့လုပ်ဆောင်တာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်း အရုံး(KNU)နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်မှာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုသာဖြစ်ကြောင်းပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။

သတင်း

ပြည်သူများစစ်အာဏာရှင်စနစ်ကိုရွံရှာမုန်းတီးနေသည်မှာထင်ရှားပေါ်လွင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်တပ်မဟာ(၂)တပ်မဟာမှူးဗိုလ်မှူးချုပ် စောဩဂုတ်စတီး က ပြောသည်။

သတင်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ နိုင်ငံရေးရပ်တည်ချက်သဘောထားကို ယနေ့ ထုတ်ပြန်ခဲ့ရာ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ခေတ်စနစ်အခြေအနေနှင့် လိုက်လျော ညီထွေသည့် ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မည်ဟု ဖော်ပြသည်။