Connect with us

Hi, what are you looking for?

News

မန္တ​လေး-မုံရွာလမ်းတွင် စစ်​ကောင်စီယာဥ်တန်းကိုနှစ်ရက်ဆက် တိုက်ခိုက်

စစ်ဆင်ရေးများတွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF(Myinmu)က အသိပေးသည်။

(ယခင်လပိုင်းအတွင်းက မန္တလေး-မုံရွာလမ်းပေါ် မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်နေ၍ ခရီးသွားကားများ စောင့်ဆိုင်းနေကြစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီယာဥ်များအား မဟာမိတ်အဖွဲ့ ၆ ဖွဲ့ပူးပေါင်းကာ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးပြာကျကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုများရှိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF(Myinmu)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ဧပြီလ (၄)ရက်နေ့ ည၁၀ နာရီ ၄၉မိနစ်အချိန်တွင် မန္တလေးမှ မုံရွာသို့လာသော အက်စစ် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်တို့၏ ထောက်ပို့ယာဉ်တစ်စီးအား ပျော့ရွာနှင့်နပဲကျူး ကျေးရွာကြားတွင် မိုင်း (၃) လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ အဆိုပါယာဥ် မီးလောင်ပြာကျ၍ နေရာမှ မရွေ့နိုင်ဖြစ်ပြီး ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့​သော် ​​သေဆုံးမှု ရှိ၊မရှိကိုမူမသိရသေးဟုဆိုသည်။

Public Service Announcement

ဧပြီလ ၅ ရက်နေ့ ည (၇:၀)နာရီအချိန်ကလည်း မန္တလေးမှ မုံရွာသို့ ဖြတ်သန်းလာသော တင့်ကားသယ်တွဲကား (၈) စီးအား မိုင်းများဖောက်ခွဲပြီး တိုက်ခိုက်ခဲ့ရာ (၁) စီးထိမိသွားခဲ့ကြောင်း၊ဖော်ပြပါ စစ်ဆင်ရေး(၁) နှင့် (၂) အား မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF(Myinmu)၊ MMUPDF People Defence Force Myinmu ၊ Black Eagle Defence Force-MMU၊ Black Hawk Force Myinmu – BGFM နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်းအသိ​ပေးသည်။

စစ်ဆင်ရေးများတွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF(Myinmu)က အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။