Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်နှစ်သစ်လက်ဆောင်ဆိုကာ ပြောက်ကျားတပ်ဖွဲ့များက မုံရွာ ဆည်မြောင်းရုံးကို တိုက်ခိုက်

“မနေ့က (ဧပြီ၉ရက်နေ့) နေ့လယ်ပိုင်းလောက်က တိုက်ခိုက်ခဲ့တာပါ။ ဆည်မြောင်းရုံးထဲ စစ်ကောင်စီတပ်တွေချထားတာ အင်အားများပါတယ်။ ပြန်ပစ်တာမျိုးတော့မရှိဘူး။”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားသော ဆည်မြောင်းရုံး လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း Special Regional Attacks Force-Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ၉ရက်)က မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်အတွက် နှစ်သစ်လက်ဆောင် ပေးလိုက်ခြင်းဟု Special Regional Attacks Force-Monywa အဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

Public Service Announcement

“မနေ့က (ဧပြီ၉ရက်နေ့) နေ့လယ်ပိုင်းလောက်က တိုက်ခိုက်ခဲ့တာပါ။ ဆည်မြောင်းရုံးထဲ စစ်ကောင်စီတပ်တွေချထားတာ အင်အားများပါတယ်။ ပြန်ပစ်တာမျိုးတော့မရှိဘူး။”ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် မုံရွာခရိုင်တပ်ရင်း-၁ ၊M.P.D.F တပ်ခွဲ-၄ ၊Special Regional Attacks Force-Monywa ၏ တပ်စိတ်-၂ ၊Monywa NightKing နှင့်မဟာမိတ်အဖွဲ့များ ပူးပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဧပြီလ ၉ ရက်)နံနက် ၁၁နာရီမှ ၁၁ နာရီခွဲအတွင်းကလည်း စစ်ကောင်စီတပ်များကင်းစောင့်နေသော မုံရွာမြို့တွင်း ပေ(၈၀)လမ်း KBZ Bankဘဏ်ခွဲ(၄) ၊ပြည်ထောင်စုလမ်းမော်တော်ပီကယ်ရုံးနှင့် အထက (၁) စာသင်ကျောင်းတို့အား လက်ပစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother defense Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။