Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ် ၄၀ခန့် သေပြီး လက်နက်ခဲယမ်းများရရှိဟု ထုတ်ပြန်

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဉ် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းနှင့်ပြန်ကြားရေး PVTVက ထုတ်ပြန်သည်။

လေးကေ့ကော်မြို့သစ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

စစ်ကောင်စီ၏ တပ်မ(၄၄)မှ ဗိုလ်ကြီးတင်လင်းခိုင်အား အရှင်ဖမ်းမိခဲ့ပြီး MA 3 ၅လက်၊ MA 2 တစ်လက်၊ MA sniper တစ်လက်၊ RPG.7 တစ်လက် စုစုပေါင်း လက်နက် ၈လက်နှင့် ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဉ် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် ပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။