Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ် ၄၀ခန့် သေပြီး လက်နက်ခဲယမ်းများရရှိဟု ထုတ်ပြန်

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဉ် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းနှင့်ပြန်ကြားရေး PVTVက ထုတ်ပြန်သည်။

လေးကေ့ကော်မြို့သစ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

စစ်ကောင်စီ၏ တပ်မ(၄၄)မှ ဗိုလ်ကြီးတင်လင်းခိုင်အား အရှင်ဖမ်းမိခဲ့ပြီး MA 3 ၅လက်၊ MA 2 တစ်လက်၊ MA sniper တစ်လက်၊ RPG.7 တစ်လက် စုစုပေါင်း လက်နက် ၈လက်နှင့် ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဉ် အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် ပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။