Connect with us

Hi, what are you looking for?

News

အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်

အဆိုပါအိမ်ယာဝန်းသည် အကြမ်းဖက်စစ်​ခေါင်​ဆောင် မင်း​အောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်မှ ​နေအိမ်များနှင့်နီးပြီးစစ်​ကောင်စီတပ်မှထိပ်ပိုင်းအရာရှိများ​နေထိုင်ရာဝန်းဖြစ်​ကြောင်းလည်းသိ့ရသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်ပြီး ဝန်ထမ်းနှစ်ဦးထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယနေ့(ဧပြီ ၁၀ ရက်) ညနေ ၄ နာရီ ၅မိနစ်က ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်၊ ပန်းဝါအိမ်ယာဝင်ထွက်ပေါက်ဂိတ် (၂) အင်းယားလမ်းရှိ စစ်ကောင်စီဂိတ်ကို ကားတစ်စီးပေါ်မှ ၁၅ချက်ခန့် ပစ်ခတ်သွားခဲ့သည်ကို ​​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်ပျံ့နှံ့​နေ​သောရုပ်သံဖိုင်တွင်​တွေ့ရသည်။

အဆိုပါအိမ်ယာဝန်းသည် အကြမ်းဖက်စစ်​ခေါင်​ဆောင် မင်း​အောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်မှ ​နေအိမ်များနှင့်နီးပြီးစစ်​ကောင်စီတပ်မှထိပ်ပိုင်းအရာရှိများ​နေထိုင်ရာဝန်းဖြစ်​ကြောင်းလည်းသိ့ရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ လှိုင်မြို့နယ် (၁၂) ရပ်ကွက် အင်းစိန်လမ်း တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံဝင်ပေါက်တွင်လည်း ယနေ့ ညနေ ၅ နာရီက လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ခဲ့သည်။

“အရေးပေါ်ကားတွေလည်း လာတယ်။စခ DC ကား နှစ်စီးလည်း အင်းစိန်လမ်းမပေါ် ရပ်ထားတယ်”ဟု လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေသူများက ပြောသည်။

ထိုသို့ ပစ်ခတ်​ပေါက်ကွဲမှုများ​ကြောင့် စစ်​ကောင်စီတပ်သားများက ရန်ကုန်မြို့တွင်း လမ်းပိုင်းများ၌ အင်အားအများအပြားဖြင့် လမ်းများပိတ်ဆို့၍ရှာ​ဖွေစစ်ဆေးနေသည်။

ယမန်နေ့ကလည်း မြို့တော်ဂေါက်ကွင်းနှင့် မင်္ဂလာ ဒုံလေတပ်စခန်းကို ရန်ကုန်တိုင်းတော် လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ထားသည်။

ထို့အပြင် ရန်ကုန်မြို့ပြစစ်ဆင်​ရေး ဒုတိယလှိုင်း အဖြစ် ” နန်းထိုက်​အောင်” စစ်ဆင်​ရေး စတင်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ဧပြီ ၉ ရက်တွင် ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။