Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ သေဆုံးထိခိုက်ဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယနေ့ ဧပြီ ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်နေသည်။

▪️ညနေပိုင်း၌ စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် အဝါရောင်အမှုန့်များလေထုထဲလွင့်ပျံ့၊ အနံ့တစ်မျိုးရပြီး ရဲဘော်အချို့ မူးဝေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသ တိုက်ပွဲ ယနေ့ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ကြောင်းလုံး ဖွဲ့စည်းပုံပျက်သည်အထိ အရာရှိနှင့် အခြားအဆင့်များ ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသည်ဟု KNU ၏ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယနေ့ ဧပြီ ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်နေသည်။

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်၏ အလောင်း ၁၂လောင်း နှင့် လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိထားကြောင်း၊ တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီး တင်လင်းခိုင်အား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ထပ်မံ သိမ်း ဆည်းရမိသော အလောင်း၊ လက်နက် စသည့်စာရင်းများအား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်၍ မထုတ်ပြန်နိုင်သေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် တိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် နှစ်ဦးကျဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်ထားရာ ညနေပိုင်း၌ ထပ်မံ ကျဆုံးထိခိုက်မရှိဟု ဖော်ပြထားသည်။

ရင်ဆိုင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ လေကြောင်းတိုက်ခိုက်မှုများအား ညနေ ၆နာရီကျော်အထိပြုလုပ်နေရာ ဓာတုဗုံးဟု ယူဆရသော ဗုံးများကြဲချနေသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ညနေ ၆နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲချပြီးနောက် အဝါရောင်အမှုန့်များ လေထုထဲ လွင့်ပျံလျက်ရှိကာ ထူးဆန်းသော အနံတစ်မျိုး ရရှိကြောင်း၊ ရဲဘော်အချို့ မူးဝေဝေဒနာခံစားရကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ခဲ့သည့် စစ်ကိုင်းတိုင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ကျည်စထိမှန်ခြင်းမရှိသော်လည်း အိပ်ချင်စိတ်ဖြစ်စေသည့် လက္ခာဏာများခံစားရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။