Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ သေဆုံးထိခိုက်ဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယနေ့ ဧပြီ ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်နေသည်။

▪️ညနေပိုင်း၌ စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် အဝါရောင်အမှုန့်များလေထုထဲလွင့်ပျံ့၊ အနံ့တစ်မျိုးရပြီး ရဲဘော်အချို့ မူးဝေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသ တိုက်ပွဲ ယနေ့ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ကြောင်းလုံး ဖွဲ့စည်းပုံပျက်သည်အထိ အရာရှိနှင့် အခြားအဆင့်များ ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသည်ဟု KNU ၏ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယနေ့ ဧပြီ ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်နေသည်။

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်၏ အလောင်း ၁၂လောင်း နှင့် လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိထားကြောင်း၊ တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီး တင်လင်းခိုင်အား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ထပ်မံ သိမ်း ဆည်းရမိသော အလောင်း၊ လက်နက် စသည့်စာရင်းများအား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်၍ မထုတ်ပြန်နိုင်သေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် တိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းမှ ရဲဘော် နှစ်ဦးကျဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်ထားရာ ညနေပိုင်း၌ ထပ်မံ ကျဆုံးထိခိုက်မရှိဟု ဖော်ပြထားသည်။

ရင်ဆိုင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ လေကြောင်းတိုက်ခိုက်မှုများအား ညနေ ၆နာရီကျော်အထိပြုလုပ်နေရာ ဓာတုဗုံးဟု ယူဆရသော ဗုံးများကြဲချနေသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ညနေ ၆နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲချပြီးနောက် အဝါရောင်အမှုန့်များ လေထုထဲ လွင့်ပျံလျက်ရှိကာ ထူးဆန်းသော အနံတစ်မျိုး ရရှိကြောင်း၊ ရဲဘော်အချို့ မူးဝေဝေဒနာခံစားရကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ခဲ့သည့် စစ်ကိုင်းတိုင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ကျည်စထိမှန်ခြင်းမရှိသော်လည်း အိပ်ချင်စိတ်ဖြစ်စေသည့် လက္ခာဏာများခံစားရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။