Connect with us

Hi, what are you looking for?

News

လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် ပစ်ခတ်ရှင်းလင်းခံရ

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာ ဘေးကင်းရာသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်ပေါက် အနီး မော်တင် ဆိပ်ကမ်းတွင် ရှိနေသော စစ်ကောင်စီ၏ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်အား မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယနေံ( ဧပြီ ၁၀ ရက်) ညနေ ၆ နာရီခန့်တွင် မော်တင်ဆိပ်ကမ်းတွင်ရှိနေသော လမ်းမတော် မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် အား မြို့ပြပြောက်ကျားတပ်ဖွဲ့ တင်များမှ အနီးကပ်ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က People’s Springသို့ ပြောကြားသည်။

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာ ဘေးကင်းရာသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ မည့်လမ်း ရှိနေသော ပြည်သူများအား သေနတ်ပြလမ်းဖယ်ခိုင်းခဲ့ရသောကြောင့် ပြည်သူလူထုကို အနူးညွတ်တောင်း ပန်ကြောင်းလည်း အဆိုပါအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကုဋေဖြိုးအောင်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှခန့်အပ်ထား သော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြို့နယ်အတွင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်တွင်ရှိသော အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်များစွာ ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်း အတွက် အဓိကတရားခံတစ်ဦးဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။။

ဗိုလ်မှူးကုဋေဖြိုးအောင်မှာ DSA အပတ်စဉ် (၄၈)ဆင်း ရုရှားပြန် အရာရှိ တစ်ဦးဖြစ်ပြီး ယခင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်)နှင့် တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့တွင်တာဝန် ကျခဲ့သူဖြစ်သည်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စား လှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။