Connect with us

Hi, what are you looking for?

LuduNwayOo

News

လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် ပစ်ခတ်ရှင်းလင်းခံရ

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာ ဘေးကင်းရာသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်ပေါက် အနီး မော်တင် ဆိပ်ကမ်းတွင် ရှိနေသော စစ်ကောင်စီ၏ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်အား မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယနေံ( ဧပြီ ၁၀ ရက်) ညနေ ၆ နာရီခန့်တွင် မော်တင်ဆိပ်ကမ်းတွင်ရှိနေသော လမ်းမတော် မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် အား မြို့ပြပြောက်ကျားတပ်ဖွဲ့ တင်များမှ အနီးကပ်ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က People’s Springသို့ ပြောကြားသည်။

ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာ ဘေးကင်းရာသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ မည့်လမ်း ရှိနေသော ပြည်သူများအား သေနတ်ပြလမ်းဖယ်ခိုင်းခဲ့ရသောကြောင့် ပြည်သူလူထုကို အနူးညွတ်တောင်း ပန်ကြောင်းလည်း အဆိုပါအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကုဋေဖြိုးအောင်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှခန့်အပ်ထား သော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြို့နယ်အတွင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်တွင်ရှိသော အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်များစွာ ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်း အတွက် အဓိကတရားခံတစ်ဦးဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။။

ဗိုလ်မှူးကုဋေဖြိုးအောင်မှာ DSA အပတ်စဉ် (၄၈)ဆင်း ရုရှားပြန် အရာရှိ တစ်ဦးဖြစ်ပြီး ယခင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်)နှင့် တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့တွင်တာဝန် ကျခဲ့သူဖြစ်သည်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စား လှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။