Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်​ကောင်စီတိုက်လေယာဉ်များ စစ်​ကောင်စီတပ်အ​ပေါ်ဗုံးကျဲ၍သေဆုံးမှုများရှိ၊ အလောင်းများ လာမကောက်သေးဟုတာဝန်ရှိသူပြော

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၄၄မှ ဗိုလ်ကြီးတစ်ဦးကို ဖမ်းမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကြောင်း တစ်ခုလုံးနီးပါး သေဆုံးခဲ့သည်ဟု ဖမ်းမိထားသည့် ဗိုလ်ကြီးက ထွက်ဆိုကြောင်းလည်း ဖော်ပြထားသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အ​လောင်းအချို့)

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပေါ် မှားယွင်းဗုံးကြဲသဖြင့် ​သေဆုံးမှုများရှိခဲ့​ကြောင်း ရှေ့တန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

“သူတို့ မနေ့ကလေယာဉ်ဗုံးကြဲတာတွေလည်း သူတို့လူအပေါ် သူတို့ မှားကြဲမိတာတွေလည်းရှိတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြတ်ထွက်တို့ မီးလောင်တို့ အဲဒါမျိုးတွေရှိတယ်။ သူတို့ မှားပြီး ဗုံးကြဲတာ။ ဒဏ်ရာရတဲ့သူတွေကို လာမကောက်နိုင်ခင်မှာပဲ လေယာဉ်က အဲဒီကုန်းကို ဗုံးကြဲတော့ ဒဏ်ရာရတဲ့ သူတွေက အကုန်လုံးသေသွားတဲ့ သဘောရှိတယ်” ဟု PDF တပ်မှူးက ပြောသည်။

အင်အား ၄၅ဦးပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးထိခိုက်ခဲ့သည့် အခြေအနေကြောင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ဧပြီ ၁၀ရက် ညပိုင်းတွင်လည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဒေသ၌ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်း ရှိမည်ဟု ယူဆသည့် နေရာများကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း PDF တပ်မှူးက ဆိုသည်။

“ထိခိုက်မှုတော့ မရှိပါဘူး။ ၁၂နာရီခွဲ( ဧပြီ ၁၀ ည)လောက် ဗုံး ၂လုံးလာကြဲသွားတာ။ လေးကေ့ကော်အနီးမှာရှိတဲ့ တောင်ကုန်း နှစ်ခုပေါ်ပေါ့။ ဒီနေ့တော့ တော်တော်ကို ငြိမ်တယ်။ လှုပ်လှုပ်ရှားရှား ဘာမှ မတွေ့ရဘူး” ဟု ၎င်းက ယ​နေ့(ဧပြီ ၁၁ ရက်)အ​ခြေအ​နေကိုပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် ကစဉ့်ကလျားဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သူ သေဆုံးသူများ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ရာ အလောင်းများကိုယ​နေ့အထိ့ လာမကောက်သေးဟု လည်းသိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၄၄မှ ဗိုလ်ကြီးတစ်ဦးကို ဖမ်းမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကြောင်း တစ်ခုလုံးနီးပါး သေဆုံးခဲ့သည်ဟု ဖမ်းမိထားသည့် ဗိုလ်ကြီးက ထွက်ဆိုကြောင်းလည်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်း၏ ယမန်နေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်မှ အလောင်း ၁၂လောင်း၊ လက်နက် ၉လက် နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။

“မနေ့က တစ်နေ့လုံးကို သူတို့ တော်တော်ကိုပဲထိခိုက်ပုံပေါ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ တစ်နေ့လုံးကို နေ့ရောညရောမနားမနေ လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲခဲ့တာ။ တပ်ရင်းမှူးတစ်ယောက်လည်း တိုက်ပွဲမှာ သေတယ်လို့ ကြားပါတယ်” ဟု PDF တပ်မှူးက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုမှာ စနစ်တကျ မရှိသည့် အနေအထားမျိုး တွေ့ရသည်ဟုလည်း ၎င်းကသုံးသပ်သည်။

“သူတို့ ရဲ့ စစ်ရေးကတော့ငါးပွက်ရာ ငါးစာချပါပဲ။ ဒီနေရာဖြစ်ရင် ဒီနေရာချ၊ ဟိုနေရာဖြစ်စဉ် ဟိုနေရာသွားချပေါ့။ ကြည့်ရတာကတော့ သိပ်ပြီးတော့ အသေအချာ စနစ်တကျ လုပ်ထားတဲ့ စစ်ရေးပုံစံတော့ မတွေ့ရပါဘူး” ဟု PDF တပ်မှူးက ပြောသည်။

ယမန်နေ့ လေးကေ့ကော်တိုက်ပွဲတွင် ထူးခြားမှုတစ်ခုမှာKNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့်အတူ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံထား​​သောသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီးတို့ ပါဝင်၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။