Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင် စစ်​ကောင်စီတပ်ကတိုက်ပွဲတွင်အထိနာပြီး​နောက် နတ်​ချောင်းရွာကို မီးရှို့

“ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေရဲ့ ဖုန်းတွေကို သိမ်းထားတော့ အခြေအနေကို အသေးစိပ်မသိရဘူး။ အိမ်မီးလောင်တာကို အဝေးက ကြည့်နေရတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

နတ်​ချောင်းရွာကိုစစ်​ကောင်စီတပ်ကမီးရှို့၍ မီး​လောင်​နေသည်ကို ​​​ငေးကြည့်​နေ​သော ​ဒေသခံပြည်သူအချို့။ဓာတ်ပုံ-CJ

ကလေးမြို့ နတ်ချောင်းရွာအနီးတွင် ယမန့်နေ့(ဧပြီ၁၀ရက်)တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ပြီး​နောက် အကြမ်းဖက်စစ်ကောင်စီတပ်က နတ်ချောင်းရွာကိုယ​နေ့ မီးရှို့နေကြောင်း ဒေသခံများက​ပြောသည်။

က​လေးမြို့နယ်တွင် ယမန်​နေ့က မြို့​ပေါ်တွင်​ရော ၊မြို့နယ်အတွင်း၌ပါ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ် ၁၂ ဦး​သေဆုံးခဲ့​ကြောင်း NUG နှင့် CDF (KKG )တို့ကထုတ်ပြန်ထားသည်။ထိုထဲမှ တိုက်ပွဲတစ်ခုမှာဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဧပြီ၁၀ရက် ည​နေပိုငက ကလေးမြို့၊နတ်ချောင်းရွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်။ ထို​နောက် ယနေ့မနက်(ဧပြီ ၁၁ရက်) မနက်ပိုင်းတွင် နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာလုံးကျွတ်မီးရှို့နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ကမီးရှို့၍ နတ်​ချောင်းရွာမီးလောင်စဥ်။ ဓါတ်ပုံ-CJ

“ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေရဲ့ ဖုန်းတွေကို သိမ်းထားတော့ အခြေအနေကို အသေးစိပ်မသိရဘူး။ အိမ်မီးလောင်တာကို အဝေးက ကြည့်နေရတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

နတ်​ချောင်းရွာကိုစစ်​ကောင်စီတပ်ကမီးရှို့၍ မီး​​လောင်​နေသည်ကို ​​​ငေးကြည့်​နေ​သော ​ဒေသခံ ပြည်သူအချို့ ။ဓါတ်ပုံ-CJ

ယနေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာထဲသို့ ဝင်ရောက်လာပြီး ရွာသားအချို့ကိုပစ်သတ်ကာ နေအိမ်များကိုမီးရှို့ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက်လာစဉ် ​ဒေသခံများက ဘုန်းကြီးကျောင်းတွင် ပုန်းခိုနေစဉ်စစ်​ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အခြေအနေကို မသိရှိရသေးကြောင်း လည်းအထက်ပါ​ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကမီးရှို့၍ နတ်​ချောင်းရွာမိး​လောင်စဥ်။ ဓါတ်ပုံ-CJ

ဧပြီ ၁၀ရက်ညနေ ၄နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ကို CNDF၊ CDF(KKG)တို့ပါဝင်သည့် ဒေသခံကာကွယ်ရေးတပ်များက နတ်ချောင်းရွာအနီးတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်။ထိုအပြင်ထိ​နေ့မနက် ပိုင်းတွင် ကလေးမြို့တောင်းပိုင်း ရန်ကြီးအောင်ရွာအနီးတွင် ကလေးမြို့သို့ ထွက်ခွာလာသည့် အင်အား ၁၄၀ခန့်ရှိသည့် စစ်ကောင်စီကို ဟဲလုပ်ရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့သည်။

အလားတူယမန်​နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ပန်းမွန်ချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ ၂ နှစ်ဦးသေဆုံးခဲ့သည်။

ထိုအပြင် က​လေးမြို့​ပေါ်ရှိတာဟန်ရပ်ကွက်မှ စစ်​ကောင်စီဂိတ်နှင့် ကင်းလှည့်နေ​သော ​စစ်​ကောင်စီတပ်ကို က​လေးခရိုင်PDF ကတိုက်ခိုက်ရာ ၂ ဦး​​သေဆုံးခဲ့​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။