Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များကို မုံရွာခရိုင်တပ်ရင်း (၅)ဒရုန်းတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု သတိပေး

မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း စစ်ကောင်စီမှ ကျင်းပမည့် သင်္ကြန်ကာလအား မဆင်နွှဲကြခြင်းဖြင့် သပိတ်မှောက်ကြရန် မုံရွာမြို့စျေးတစ်ခုတွင် ပြည်သူလူထုအား လက်ကမ်းစာစောင်များ ယနေ့ ဖြန့်ဝေခဲ့သည်။

(စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကျောင်းသားပြည်သူများ စုပေါင်းပါဝင်သည့် ကလေးမြို့သပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်ကောင်စီ၏ ယခုနှစ် သင်္ကြန် ပျော်ပွဲ ရွှင်ပွဲများကို ပါဝင်ဆင်နွှဲမည် မဟုတ်ကြောင်း ကြွေးကြော်၍ ယနေ့ (ဧပြီ ၉) နေ့လည်ပိုင်း၌ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု)

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များကို မုံရွာခရိုင်တပ်ရင်း (၅) ဒရုန်းတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်လိုက်သည်။

မုံရွာ၊ ​ချောင်းဦး၊ ယင်းမာပင်၊ ပုလဲမြို့ပေါ်များရှိ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ် များကို သင်္ကြန် ကာလအတွင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အောင်ဆန်းတပ်ရင်းက ယနေ့(ဧပြီ ၁၁ရက်) သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီသကြ်န်မဏ္ဍပ်များသို့မသွား ရောက်ကြရန်လည်း အထူးသတိပေးထားသည်။

“နိုင်ငံရေးနဲ့ အမှန်တရားကို နားလည်တဲ့ ပြည်သူကတော့ စစ်ကောင်စီရဲ့ အတုအယောင် သကြ်န်ကို ခေါင်းထဲရှိမှာမဟုတ်ဘူး။ သတင်းအချက်အလက် တွေ မသိတဲ့ ပြည်သူအချို့ဆီ သတင်းရောက်စေချင်တယ်။ ကျွန်တော်တို့ တကယ်ကို တိုက်သွားမယ်။ စစ်ကောင်စီနေရာ တွေကိုရှောင်ကြပါ”ဟု စစ်ကိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း စစ်ကောင်စီမှ ကျင်းပမည့် သင်္ကြန်ကာလအား မဆင်နွှဲကြခြင်းဖြင့် သပိတ်မှောက်ကြရန် မုံရွာမြို့စျေးတစ်ခုတွင် ပြည်သူလူထုအား လက်ကမ်းစာစောင်များ ယနေ့ ဖြန့်ဝေခဲ့သည်။

မုံရွာခရိုင်တပ်ရင်း( ၅)ဒရုန်းတပ်ဖွဲ့သည် ပုလဲမြို့နယ်မှ ပျူစောထီးရွာဖြစ်သည့် ဇီးဖြူကုန်းကျေးရွာကို ယနေ့ နံနက် ၉နာရီခန့်က ဒရုန်းဖြင့် လေးကြိမ်​တိုက်ခိုက်ခဲ့သေးသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က သုံးဦးထိခိုက်ခဲ့သော်လည်း သေဆုံးခြင်းရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း အောင်ဆန်းတပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃) ထံ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။