Connect with us

Hi, what are you looking for?

LuduNwayOo

News

Harry’s Bar ဗုံးပစ်သွင်းတိုက်ခိုက်မှု ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးမှ လုပ်ဆောင်ခဲ့ဟု STA အဖွဲ့ပြော

တိုက်ခိုက်မှုမပြုလုပ်မီ အဆိုပါဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် ဆိုင်၏ မှန်များနှင့် အတွင်းပစ္စည်းများပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - STA

▪️“နန်းထိုက်အောင်”စစ်ဆင်ရေး မဟုတ်ဟုဆို

အကြမ်းဖက်စစ်‌ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် ရန်ကုန်မြို့ မြန်မာပလာဇာရှိ ဦးတေဇမိသားစုပိုင် Harry’s Barကို ဗုံးနှစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့‌ကြောင်း Special Task Agency of Burma -STA အဖွဲ့က ထုတ်ပြန်သည်။

” ဗုံးနှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးအောင်မြင်စွာပေါက်ကွဲပြီး ကျန်တစ်လုံးမှာ နည်းပညာချို့ယွင်းမှုအချို့ဖြစ်ပေါ်ခဲ့သဖြင့် ပေါက်ကွဲမှု မဖြစ်ခဲ့ပေ”ဟု ယင်းအဖွဲ့က ထုတ်ပြန် သည်။

တိုက်ခိုက်မှုမပြုလုပ်မီ အဆိုပါဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် ဆိုင်၏ မှန်များနှင့် အတွင်းပစ္စည်းများပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ဒီမစ်ရှင်ကနန်းထိုက်အောင်နဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ UG သီးသန့်လုပ်တဲ့ မစ်ရှင်ပါ”ဟု STA အဖွဲ့မှတာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့အဖွဲ့သားများ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် သင်္ကြန်အကြောင်းပြ၍ ပြည်သူအချင်းချင်း ရန်တိုက်ပေးရန် ပြင်ဆင်နေသောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော် တွင်ပါဝင်ခြင်းမပြုရန် STA က တိုက်တွန်းထားသည်။

STA အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီကို ထောက်ပံ့ပေး နေသည့် ထောက်တိုင်များကို အဓိကတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်>

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။