Connect with us

Hi, what are you looking for?

News

Harry’s Bar ဗုံးပစ်သွင်းတိုက်ခိုက်မှု ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးမှ လုပ်ဆောင်ခဲ့ဟု STA အဖွဲ့ပြော

တိုက်ခိုက်မှုမပြုလုပ်မီ အဆိုပါဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် ဆိုင်၏ မှန်များနှင့် အတွင်းပစ္စည်းများပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - STA

▪️“နန်းထိုက်အောင်”စစ်ဆင်ရေး မဟုတ်ဟုဆို

အကြမ်းဖက်စစ်‌ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် ရန်ကုန်မြို့ မြန်မာပလာဇာရှိ ဦးတေဇမိသားစုပိုင် Harry’s Barကို ဗုံးနှစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့‌ကြောင်း Special Task Agency of Burma -STA အဖွဲ့က ထုတ်ပြန်သည်။

” ဗုံးနှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးအောင်မြင်စွာပေါက်ကွဲပြီး ကျန်တစ်လုံးမှာ နည်းပညာချို့ယွင်းမှုအချို့ဖြစ်ပေါ်ခဲ့သဖြင့် ပေါက်ကွဲမှု မဖြစ်ခဲ့ပေ”ဟု ယင်းအဖွဲ့က ထုတ်ပြန် သည်။

တိုက်ခိုက်မှုမပြုလုပ်မီ အဆိုပါဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် ဆိုင်၏ မှန်များနှင့် အတွင်းပစ္စည်းများပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ဒီမစ်ရှင်ကနန်းထိုက်အောင်နဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ UG သီးသန့်လုပ်တဲ့ မစ်ရှင်ပါ”ဟု STA အဖွဲ့မှတာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့အဖွဲ့သားများ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် သင်္ကြန်အကြောင်းပြ၍ ပြည်သူအချင်းချင်း ရန်တိုက်ပေးရန် ပြင်ဆင်နေသောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော် တွင်ပါဝင်ခြင်းမပြုရန် STA က တိုက်တွန်းထားသည်။

STA အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီကို ထောက်ပံ့ပေး နေသည့် ထောက်တိုင်များကို အဓိကတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်>

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။