Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လယ်ဘူးမြို့တွင်းတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

“၈ ရက်( ဧပြီ) နေ့က စပြီး မြို့ပေါ် တိုက်ပွဲတွေ စပြင်း ထန်ခဲ့တာ။စခ တွေဘက်က ဂျက်တိုက်လေယာဥ် သုံးစီးနဲ့ ထောက်ပို့ယာဥ် တစ်စီး စုစုပေါင်းလေးစီး နဲ့ ပြန်တိုက်တယ်။၁၀ ရက်နေ့အထိမြို့ပေါ်မှာ တိုက်ပွဲ အတော်ပြင်းထန်တယ်လို့သိရတယ်”ဟု ၎င်းကဆက်ပြောသည်။

(ပင်လည်ဘူး မြို့တွင်းတိုက်ပွဲ​ပြီး​နောက် ပျက်စီးမှုများကို​တွေရစဥ်။ ဓါတ်ပုံ-CJ)

KIA/ PDF ပူး​ပေါင်းတပ်အချို့လည်းကျဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ပင်လည်ဘူး မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်​ကောင်စီတပ်များ စခန်းချရာ ရဲစခန်း၊ဘဏ်၊ဆေးရုံ အပါအဝင်စစ်တပ်၏ ရုံးများကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ် သုံးစီးအသုံးပြု တိုက်ခိုက်ခဲ့ပြီးစစ်ကောင် စီတပ်သား ရာဂဏန်းခန့်ကိုလည်း အင်အားဖြည့်တင်းခဲ့ရသည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

“၈ ရက်( ဧပြီ) နေ့က စပြီး မြို့ပေါ် တိုက်ပွဲတွေ စပြင်း ထန်ခဲ့တာ။စခ တွေဘက်က ဂျက်တိုက်လေယာဥ် သုံးစီးနဲ့ ထောက်ပို့ယာဥ် တစ်စီး စုစုပေါင်းလေးစီး နဲ့ ပြန်တိုက်တယ်။၁၀ ရက်နေ့အထိမြို့ပေါ်မှာ တိုက်ပွဲ အတော်ပြင်းထန်တယ်လို့သိရတယ်”ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲရက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူမှာ ဆယ်ဂဏန်းကြီးကြီးရှိပြီး PDF များနှင့် KIA မှ ရဲဘော် ၁၀ ဦးခန့်ကျဆုံးမခဲ့သည်ဟု သိရသည်။သို့သော် သက် ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်အတည်​ပြု
ခြင်းမရှိသေးပေ။

ပင်လည်ဘူးတိုက်ပွဲသည် နှစ်ဖက်အကြိတ်အနယ်တိုက်ခဲ့ရသည့် တိုက်ပွဲ ဖြစ်ပြီး နှစ်ရက်အတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် KIA တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို Gidawn Brang က ဖော်ပြသည်။

“လေယာဥ်နဲ့ ဗုံးကျဲအနိုင်ကျင့်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲမှာ KIA နဲ့ PDF ရဲဘော်များအသက်ပေးဆပ်ခဲ့ရုံသာမက ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပါတယ်။ရန်သူ့ဘက်ကလည်း အတော်အထိနာတဲ့ပွဲပါ။လက်နက် ခဲယမ်းနဲ့ ရိက္ခာပစ္စည်းအမြောက်အမြားကိုလည်း သိမ်း ပိုက်ရရှိခဲ့ပါတယ်”ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

လက်နက်ငယ် ၆၀ ​ကျော် ၊လက်နက်ကြီး ၁ လက်နှင့် ကျည်ဆံသိန်းနှင့်ချီဖမ်းဆီးရမိ​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောပြီး ၊​စစ်​ကောင်စီတပ်ဘက်မှသေဆုံးသူ ၆၀ ​ကျော်​ကြောင်းလည်း ​​​ဒေသတွင်းသတင်းရင်းမြစ်အချို့က ​ပြောသည်။People’s Spring က ထိုအချက်အလက်များကို သီးခြားအတည်မပြုနိုင်ဘဲ ၊ KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူးကြီး ​နော်ဘူကို​မေးမြန်းရန် ဆက်သွယ်​သော်လည်း ဆက်သွယ်မရ​သေးပါ။

(ပင်လည်ဘူး မြို့တွင်းတိုက်ပွဲ​ပြီး​နောက် ပျက်စီးမှုများကို​တွေရစဥ်။ ဓါတ်ပုံ-CJ)

ဧပြီလဆန်းက ပင်လယ်ဘူး-ဗန်း​မောက်လမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ် ၄၀ ဦးခန့်​သေပြီအထိ့နာသဖြင့် ပင်လယ်ဘူး​မြို့ မြောက်ဘက်ပိုင်းသို့စစ်​ကောင်စီတပ်မဲ​နေချိန်တွင် ဧပြီ ၇ ရက်က ပြည်သူ့ကာကွယ်​ရေးတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး စခန်းများသိမ်းနိုင်ချိန်တွင် စစ်တပ်က ​လေယာဥ်ပစ်ကူဖြင့်တိုက်ခိုက်၍ ​နောက်ပြန်ဆုတ်ခဲ့ရ​ကြောင်း​ဒေသခံတစ်ဦးအားကိုးကား၍ DVB သတင်းဌာနက ​​ဖော်ပြထားသည်။ ပင်လည်ဘူးတွင် စစ်​ကောင်စီတပ်အထိနာသဖြင့် ပျူ​​စောထီးများကို ​လေယာဥ် နှစ်စီးဖြင့်စစ်ကူပို့ရာ ​ရောက်သည်နှင့်တိုက်ပွဲဖြစ်၍ အများစု​သေပြီး ၈ ဦးလက်နက်ချ​ကြောင်း မဲ​ခေါင်းနယူးစ် ကလည်းသတင်း​ဖော်ပြထားသည်?

(ပင်လည်ဘူး မြို့တွင်းတိုက်ပွဲ​ပြီး​နောက် ပျက်စီးမှုများကို​တွေရစဥ်။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်အုပ်စုကပင်လည်ဘူးမြို့နယ်၌ ဖုန်း၊အင်တာနက်လိုင်းများဖြတ်တောက်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သည် ကောလင်းမြို့ အနောက် မြောက်ဘက် ၂၅ မိုင်ခန့်အကွာ မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီးဝန်းသိုမြို့နှင့်လည်း ၄၁ မိုင်ကွာ​ဝေးပြီး ကားလမ်းဖြင့် ဆက်သွယ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။