Connect with us

Hi, what are you looking for?

News

ယခုနှစ်ကို တော်လှန်သင်္ကြန်အဖြစ် ပုံဖော်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်အစီအစဉ်များတွင် လုံး၀မပါဝင်ကြရန် NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းမှုကို ထိရောက်စွာ ချေဖျက်ရန် အရေးကြီးသည်ဖြစ်ရာ NUCCက ပြည်သူလူထုကို အလေးအနက်တိုက်တွန်းထုတ်ပြန်ခြင်းဖြစ်ကြောင်းဖော်ပြသည်။

(ရန်ကုန်မြို့ပြ​တော်လှန်လူငယ်များက ယ​နေ့ည​နေပိုင်းတွင် ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - YRF)

ပြည်သူလူထုသည် ယခုနှစ်သင်္ကြန်ရက်များကို တော်လှန်သင်္ကြန်အဖြစ် ပုံဖော်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ ၏ သင်္ကြန်အစီအစဉ်များတွင် လုံး၀မပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းမှုကို ထိရောက်စွာ ချေဖျက်ရန် အရေးကြီးသည်ဖြစ်ရာ NUCCက ပြည်သူလူထုကို အလေးအနက်တိုက်တွန်းထုတ်ပြန်ခြင်းဖြစ်ကြောင်းဖော်ပြသည်။

ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် လူမှုကွန်ရက်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ကြန်သတင်းများကို အမှောင်ချထားခြင်းဖြင့် ပူးပေါင်းပါဝင်ရန်၊ အနုပညာရှင်များနှင့် အခြားနယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသူများအနေဖြင့်လည်း ပြည်သူလူထုနှင့် လက်တွဲကာ တော်လှန် သင်္ကြန်လှုပ်ရှားမှုတွင်ပါဝင်ကြရန်၊ အကြမ်းဖက်စစ်အုပ်စု၏ သင်္ကြန်ကို ဆန့်ကျင်သပိတ်မှောက်ရန် NUCC က တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ဖျော်ဖြေရေးမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များပြုလုပ်ကာ ပြည်သူလူထုက စစ်အုပ်ချုပ်ရေးကို အသားကျသွားပြီး စစ်အုပ်ချုပ်ရေးယန္တရားပုံမှန်ဖြစ်လေဟန် ပြည်တွင်း၊ ပြည်ပကို လိမ်လည်လှည့်ဖျား၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေကြောင်း NUCC က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော် အကြမ်းဖက်စစ်အုပ်စုသည် လက်ရှိအချိန်တွင် နိုင်ငံတဝန်း၌ စီးနင်းဝင်ရောက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ပိတ်ဆို့ စစ်ဆေးခြင်းများကို လုပ်ဆောင်နေပြီး သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများကို အခွင့်ကောင်းယူကာ အကြမ်းဖက်ဖိနှိပ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနိုင်သည့် အန္တရာယ် ရှိနေကြောင်း NUCCက သတိပေးသည်။

ထို့ကြောင့် သင်္ကြန်ကိုခုတုံးလုပ်ကာ မသမာသည့်နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ဆောင်လိမ်ညာသောလုပ်ရပ်များကို NUCCက အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ဒေသအသီးသီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။