Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအထိနာခဲ့တဲ့ လေးကေကော်မှာ စစ်တပ်က တပ်အင်အားတိုးချဲ့နေ

လက်ရှိမှာ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်နဲ့ တပ်မ ၂၂ တပ်မ ၄၄ တပ်တွေအပြင် နယ်ခြားစောင့်တပ်တွေပါ ပါဝင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

လေးကေးကော်တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်အားတိုးချဲ့နေပြီး KNLA ပူးပေါင်းအဖွဲ့ကို ထပ်မံထိုးစစ်ဆင်ဖို့ ကြိုးစားလာနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီလို လေးကေကော်ဒေသထဲကို စစ်ကောင်စီက အင်အားတိုးချဲ့တာ၊စစ်အင်အားတွေ နောက်ထပ်ပို့ဆောင်လာတာကို ကြားသိခဲ့ရပြီး ပြီးခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက အထိနာခဲ့ကာ ဂုဏ်သိက္ခာကျဆင်းခဲ့လို့ ထပ်ပြီးတော့ ကြိုးစားလာလိမ့်မယ်လို့ ယူဆကြောင်း ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“သူတို့တွေက ဒီပြီးခဲ့တဲ့ပွဲမှာ တော်တော်လေးကို အရှက်သိက္ခာ တော်တော်လေးဂုဏ်သိက္ခာ သူတို့ကျပါတယ်။ အွန်လိုင်းမှာလည်း ဒီအရာကို သူတို့ရှက်သွားတဲ့အတွက်ကို မဟုတ်မမှန်ပေါ့လေ ဝါဒဖြန့်တာတွေလည်း တွေ့ရပါတယ်။ သူတို့ထပ်ပြီးတော့ ကြိုးစားလာလိမ့်မယ်လို့ ယူဆရပါတယ်” လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါသေးတယ်။

လက်ရှိမှာ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်နဲ့ တပ်မ ၂၂ တပ်မ ၄၄ တပ်တွေအပြင် နယ်ခြားစောင့်တပ်တွေပါ ပါဝင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါအပြင် မနေ့ညနေ ၃ နာရီနဲ့ ည ၁၀ နာရီအချိန်လောက်မှာ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ လေယာဉ်တွေက လာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ည ၁၁ နာရီခန့်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်သွားကြောင်း ကော်ဘရာစစ်ကြောင်းပြန်ကြားရေးက ပြောပါတယ်။

“နေ့ည ၁၁ နာရီ ၄ မိနစ်ပေါ့လေ။ တိုက်လေယာဉ်နှစ်စီးနဲ့ လေးကေကော်ဒေသကိုလာတယ်။ လာပြီးတော့ ဗုံးကြဲသွားတာတော့ သိရတယ်။ ညဘက်ဆိုတော့ ဘယ်နားကိုကြဲသွားလည်းဆိုတာတော့ အတည်ပြုလို့မရဘူး” လို့ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောပါတယ်။

ဒီလို စစ်ကောင်စီက ဗုံးကြဲပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး မိနစ်ပိုင်းအကြာမှာ နောက်ထပ်လေယာဉ်တစ်စီး ထပ်မံရောက်ရှိလာခဲ့ပြီး ဗုံးကြဲတိုက်ခိုက်တာတွေတော့ လုပ်ဆောင်သွားခြင်းမရှိပါဘူး။

ဒီနေ့မနက်ပိုင်းမှာတော့ ကော်ဘရာစစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးတာ မရှိသေးဘူးလို့ သိရပါသေးတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့ လေးကေကော်မြို့သစ်ထဲကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့လို့ KNLA ပူးပေါင်းအဖွဲ့က ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၃၀ ကျော် ထိခိုက်သေဆုံးသွားခဲ့ပြီး ဗိုလ်ကြီးတစ်ဦးကို ကော်ဘရာစစ်ကြောင်းအဖွဲ့က အရှင်ဖမ်းဆီးရခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။