Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့၌ သင်္ကြန်အကျ​နေ့ တိုက်ပွဲဖြစ်ပွားနေ

စစ်မြေပြင်နှင့် နီးသော ကျေးရွာ၊ ရပ်ကွက်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ဘေးကင်း လွတ်ရာသို့ ရွှေ့ပြောင်းပေးကြရန်လည်း KNDF တပ်ရင်း(၁၂)က ပန်ကြားချက် ထုတ်ပြန်ထားသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့၌ ယနေ့ သင်္ကြန်အကျ​နေ့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၁၂ က အသိပေးထားသည်။

ဧပြီ ၁၄ရက် နံနက်ပိုင်း၌ လွိုင်ကော်မြို့တွင်း တစ်နေရာ၌ တိုက်ပွဲပြင်းထန်နေ၍ ပြည်သူများ အသွားအလာ မပြုရန်ရန် သတိပေးနှိုးဆော်ထားခြင်းဖြစ်သည်။

စစ်မြေပြင်နှင့် နီးသော ကျေးရွာ၊ ရပ်ကွက်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ဘေးကင်း လွတ်ရာသို့ ရွှေ့ပြောင်းပေးကြရန်လည်း KNDF တပ်ရင်း(၁၂)က ပန်ကြားချက် ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလဆန်းကလည်း လွိုင်ကော်မြို့ပေါ်တွင် မြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ အလွန်အကျွံပြုလုပ်ခဲ့၍ အရပ်သားသေဆုံးမှုနှင့် နေအိမ်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။