Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်မှ ပြည်သူများ ဘေးလွတ်ရာသို့ အမြန်တိမ်းရှောင်ကြရန် KNDF အသိပေး

ချိကယ်ရက်ကွက် စစ်ရေးအခြေအနေ အပေါ်မူတည်ပြီး လိုအပ်သလို ပြန်လည် အသိပေးသွားမည်ဟုလည်း KDNF တပ်ရင်း(၁၂)က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် ဒေသခံများမှာ ညောင်ရွှေမြို့အပါအဝင် နီးစပ်ရာနေရာများသို့ သွားရောက်ခိုလှုံနေကြရသည်ဟု ဆိုသည်။

စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သောကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်နှင့် ချိကယ် အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ဘေးကင်းလွတ်ရာသို့ တက်နိုင်သမျှ လျင်မြန်စွာ ရွှေ့ပြောင်းပေးကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၂)က သတိ​ပေးထုတ်ပြန် သည်။

ယနေ့(ဧပြီ ၁၄ရက်)နံနက်က လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

“ပထမ တပ်တွေမရှိဘူး။ PDF တွေဝင်လာပြီးတော့ အဲဒါ ဘယ်လိုသတင်းရလဲမသိဘူး တပ်က တင့်ကားတွေရော ဘာတွေရော ဝင်လာပြီး တဒုန်းဒုန်းချတာ။ ကလေး (တော်လှန်ရေးတပ်ဖွဲ့ဝင်)တွေကတော့ ပြန်ဆုတ်ပေးလိုက်တယ်တဲ့ ရွာနာမှာ စိုးလို့”ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ချိကယ်ရက်ကွက် စစ်ရေးအခြေအနေ အပေါ်မူတည်ပြီး လိုအပ်သလို ပြန်လည် အသိပေးသွားမည်ဟုလည်း KDNF တပ်ရင်း(၁၂)က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် ဒေသခံများမှာ ညောင်ရွှေမြို့အပါအဝင် နီးစပ်ရာနေရာများသို့ သွားရောက်ခိုလှုံနေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ချိကယ်ရပ်ကွက်နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

လွိုင်ကော်မြို့တွင် ဇန်နဝါရီ ပထမပတ်ကစ၍ မြို့ပေါ် တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ထိုစဉ်က ချိကယ် ရပ်ကွက်တွင် တိုက်ပွဲဖြစ်မရှိခဲ့ပေ။ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွင် လက်နက်ကြီး အလွန်အကျွံပစ်ခတ်ခြင်း လေကြောင်းမှ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့၍ မြို့ခံများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။