Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်မှ ပြည်သူများ ဘေးလွတ်ရာသို့ အမြန်တိမ်းရှောင်ကြရန် KNDF အသိပေး

ချိကယ်ရက်ကွက် စစ်ရေးအခြေအနေ အပေါ်မူတည်ပြီး လိုအပ်သလို ပြန်လည် အသိပေးသွားမည်ဟုလည်း KDNF တပ်ရင်း(၁၂)က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် ဒေသခံများမှာ ညောင်ရွှေမြို့အပါအဝင် နီးစပ်ရာနေရာများသို့ သွားရောက်ခိုလှုံနေကြရသည်ဟု ဆိုသည်။

စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သောကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်နှင့် ချိကယ် အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ဘေးကင်းလွတ်ရာသို့ တက်နိုင်သမျှ လျင်မြန်စွာ ရွှေ့ပြောင်းပေးကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၂)က သတိ​ပေးထုတ်ပြန် သည်။

ယနေ့(ဧပြီ ၁၄ရက်)နံနက်က လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

“ပထမ တပ်တွေမရှိဘူး။ PDF တွေဝင်လာပြီးတော့ အဲဒါ ဘယ်လိုသတင်းရလဲမသိဘူး တပ်က တင့်ကားတွေရော ဘာတွေရော ဝင်လာပြီး တဒုန်းဒုန်းချတာ။ ကလေး (တော်လှန်ရေးတပ်ဖွဲ့ဝင်)တွေကတော့ ပြန်ဆုတ်ပေးလိုက်တယ်တဲ့ ရွာနာမှာ စိုးလို့”ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ချိကယ်ရက်ကွက် စစ်ရေးအခြေအနေ အပေါ်မူတည်ပြီး လိုအပ်သလို ပြန်လည် အသိပေးသွားမည်ဟုလည်း KDNF တပ်ရင်း(၁၂)က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် ဒေသခံများမှာ ညောင်ရွှေမြို့အပါအဝင် နီးစပ်ရာနေရာများသို့ သွားရောက်ခိုလှုံနေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ချိကယ်ရပ်ကွက်နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

လွိုင်ကော်မြို့တွင် ဇန်နဝါရီ ပထမပတ်ကစ၍ မြို့ပေါ် တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ထိုစဉ်က ချိကယ် ရပ်ကွက်တွင် တိုက်ပွဲဖြစ်မရှိခဲ့ပေ။ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွင် လက်နက်ကြီး အလွန်အကျွံပစ်ခတ်ခြင်း လေကြောင်းမှ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့၍ မြို့ခံများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။