Connect with us

Hi, what are you looking for?

News

ထီးလင်းတိုက်ပွဲတွင် ​ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်​ပြေးသွားသည့် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်း​​အောင် သေဆုံးပြီး ယ​နေ့ သဂြိုလ်ဟုဆို

ထီးလင်းဆေးရုံရင်ခွဲရုံမှတစ်ဆင့် အလောင်းထုတ်ကာ မီးသဂြိုလ်လိုက်ရသူ ဗိုလ်ကြီးနေလင်းအောင်သည် မြို့နယ်​ရွေး​ကောက်ပွဲကော်မရှင်ရုံးတွင် အရက်သောက် ပျော်ပါးနေစဥ် YDF(ထီးလင်း)က ဧပြီ ၁၃ရက် နေ့လယ်ပိုင်း၌ ဝင်ရောက်ရှင်းလင်းခံရသူဖြစ်သည်။

(YDF (ထီးလင်း)ဝင်ရောက်စီးနင်းစဥ် သိမ်းဆည်းရမိခဲ့သော ဆက်စပ်ပစ္စည်းများ)

ထီးလင်းမြို့တိုက်ပွဲတွင် ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့်ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး
နေလင်းအောင်သေဆုံးသွားပြီး ယနေ့(ဧပြီ ၁၅ ရက်)တွင်သဂြိုလ်လိုက်ကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ထီးလင်းဆေးရုံရင်ခွဲရုံမှတစ်ဆင့် အလောင်းထုတ်ကာ မီးသဂြိုလ်လိုက်ရသူ ဗိုလ်ကြီးနေလင်းအောင်သည် မြို့နယ်​ရွေး​ကောက်ပွဲကော်မရှင်ရုံးတွင် အရက်သောက် ပျော်ပါးနေစဥ် YDF(ထီးလင်း)က ဧပြီ ၁၃ရက် နေ့လယ်ပိုင်း၌ ဝင်ရောက်ရှင်းလင်းခံရသူဖြစ်သည်။

“အလောင်းတောင် ဒီမနက်အစောပိုင်းကမှ တွေ့တယ် ပြောတယ်။ထိတာ ပေါင်တစ်ခုတည်းထိတာမဟုတ်လောက်ဘူး။သေတာတော့သေချာတယ်။ ဒီမနက်ပိုင်းမှာတင် စခ တွေ ဆေးရုံကို အဝင်အထွက် အရမ်းလုပ်နေတာနဲ့ သတင်းက ပေါက်နေပြီလေ “ဟု ထီးလင်းမြို့နေသူတစ်ဦးက ပြောသည်။

ဧပြီ ၁၃ရက်က ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသောမီးသတ်ရုံးအား ဝင်ရောက်ာစီးနင်းရန် YDFက ကြိုးပမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် မီးသတ်ရုံးဘေးရှိ မြို့နယ်ကော်မရှင်ရုံး၌ သောက်စားပျော်ပါးနေသည့် စစ်ကောင်စီအဖွဲ့များကို တွေ့ရှိသဖြင့် တပါးတည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း YDF တာဝန်ရှိသူက People’s Springသို့ ပြောကြားထားသည်။

မြို့နယ်ကော်မရှင်ရုံးသို့ ချဥ်းကပ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးနေလင်းအောင်မှာလည်း ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးခဲ့ရသည်။

ထို့နောက်YDF တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်သားများ နောက်မှလိုက်လာသဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ကနဦးထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် (၉)မမကျည် ၁၂တောင့်၊ပစ္စတိုကျည်ပေါက်အိတ်တစ်ခု နှင့် ဖုန်းခြောက်လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။