Connect with us

Hi, what are you looking for?

News

ကရင်နီပြည်နယ်၌ ဧပြီဒုတိယပတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၈ဦးသေ

တိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၁၀ဦးကျဆုံးခဲ့ရပြီး ထိခိုက်မှုများရှိခဲ့သည်။

ဓာတ်ပုံ - KNDF

▪️ကရင်နီပူးပေါင်းတပ်မှ ပြည်သူ့ရဲဘော် ၁၀ဦးကျဆုံးခဲ့ရ

ကရင်နီ(ကယား)ပြည်နယ်၌ ဧပြီဒုတိယပတ်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄၈ဦးသေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ဦးကျဆုံးခံရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(ဧပြီ ၁၅ ရက်) ထုတ်ပြန်သည်။

ဧပြီဒုတိယအပတ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်မှ အရှိန်မြင့်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်း ထန်ခဲ့သည်ဟု KNDFက ဆိုသည်။

ဓာတ်ပုံ – KNDF

ဧပြီဒုတိယပတ် ဒီးမော့ဆိုမြို့နယ်အတွင်း လီဝိုး၊ ဆင်တောင်၊ ဒေါကမီး၊ ပူဖား၊နောင်ပုလဲ၊ ဥခူးရီး၊ငွေတောင် နှင့် ထူလွှီးဘီလာ၊ ကျေးရွာတို့တွင် ထိုးစစ်ဆင်တပ်စွဲထားသော၊ အကြမ်းဖက် စစ်ကောင်စီ၏ မြေပြင်တပ်များကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်သဖြင့် တိုက်ပွဲများပြင်း ထန်လျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖရူဆိုမြို့နယ် ဒေါညေးခူ၊ကန်နီနှင့် ထားလဲကျေးရွာတို့တွင် စစ်ကြောင်းထိုးလာကာ အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – KNDF

ထို့အတူ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အနီးကျို့ပင်ကုန်းနှင့် မက်စလောင်းတောင်တို့တွင်တိုက်ပွဲများဖြင့်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် လွိုင်ကော်မြို့ ထေးတမနှင့် ချိကယ်ရပ်ကွက်တို့တွင်လည်း ဧပြီ ၁၄ရက်မှစ၍ တိုက်ပွဲများဖြစ်ပွား လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တင့်ကားများ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

ဧပြီဒုတိယပတ်တွင် ကရင်နီပြည်နယ် မြို့နယ်အသီးသီးမှ တိုက် ခိုက်မှုများအတွင်းအကြမ်း ဖက်စစ်ကာင််စီတပ်ဘက်မှ ၄၈ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သည်။

ထို့အပြင် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီ၏ရိက္ခာပို့ယာဥ်တန်း အားတိုက်ခိုက်မှု အတွင်း၊ စစ်သုံးယာဥ်တစ်စင်းနှင့် ထိုးစစ်ဆင်လမ်းကြောင်းဖောက်ရန်အတွက် အသုံးပြုသော မြေတူးစက် တစ်စင်း မီးလောင်ပျက်စီးခဲ့သည်။

ဓာတ်ပုံ – KNDF

တိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၁၀ဦးကျဆုံးခဲ့ရပြီး ထိခိုက်မှုများရှိခဲ့သည်။

အာဏာရှင်စနစ် တော်လှန်ရေးတိုက်ပွဲများအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးခဲ့သော ရဲဘော်များအား KNDF မှ ကရင်နီအမျိုးသား အာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်စီးခြင်းနှင့်လက် နက်ကြီးများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း မြေမြုပ်မိုင်းများ ထောင်ခြင်း များပြုလုပ်ခဲ့ကြောင်း KNDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။