Connect with us

Hi, what are you looking for?

News

လာမည့်နှစ်တွင် တော်လှန်ရေးအောင်ပွဲရယူနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုမလျှော့ရန် NUG နိုင်ငံခြားရေးဝန်ကြီး မေတ္တာရပ်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြည်သူလူထုခံစားနေရသော ဒုက္ခများ မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရနိုင်ရေး နေ့စဉ်နှင့်အမျှ မရပ်မနားဘဲ တော်လှန်ရေးစိတ်အပြည့်ဖြင့် ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။

▪️လာမည့်နှစ်တွင် အောင်ပွဲရယူရန် NUG သန္နိဌာန်ချထား

▪️စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာတွင် လူရာမဝင်အောင်လုပ်ထားနိုင်ပြီး တရားစွဲဆိုနိုင်ရေး ကြိုးပမ်းနေဟုဆို

လာမည့်နှစ်တွင် တော်လှန်ရေးအောင်ပွဲရယူနိုင်ရန် ယခင်နှစ်ကထက် မလျှော့သောပူးပေါင်းပါဝင်မှုများ၊ ထောက်ခံမှုများ၊ ကြံ့ကြံ့ခံမှုများဖြင့် ဖြတ်ကျော်ပေးရန် ပြည်သူလူထုကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မေတ္တာရပ်ခံလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်းတို့ဝန်ကြီးဌာနဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံရာတွင် ထည့်သွင်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ပြည်သူလူထု၏ အားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ဒီတစ်နှစ်ပြည့်မှာလည်း ပြည်သူလူထုကို ကျေးဇူးတင်စကားပြောရင်းနဲ့ နောက်နှစ်ဆိုတဲ့ အချိန် ရောက်တဲ့အခါကျရင် ကျွန်မတို့ ဒီစကားမျိုးတွေ မဟုတ်ဘဲ လူကိုယ်တိုင်တွေ့ဆုံပြီးတော့ တော်လှန်ရေးမှာ အောင်ပွဲတွေကို ရယူနိုင်မယ့်၊ အောင်ပွဲခံမယ့် နှစ်တစ်နှစ်ဖြစ်အောင်လို့ ပြီးခဲ့တဲ့ နှစ်ကထက် မလျှော့တဲ့ ပူးပေါင်းပါဝင်မှုတွေ ထောက်ခံမှုတွေ၊ ကြံ့ကြံ့ခံမှုတွေနဲ့ ဖြတ်ကျော်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

ပြည်သူလူထုပေးသော ခွန်အားများဖြင့် လာမည့်နှစ်သည် အောင်ပွဲကို ရယူမည့် နှစ်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက သန္နိဌာန်ချထားကြောင်း၊ ရည်မှန်းချက်ချထားကြောင်းလည်း NUG နိုင်ငံခြားရေးဝန်ကြီးက သတင်းစကားပါးသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာမျက်နှာစာမှာ ပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုပြီးတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ တက်ကုန်ရွက်ကုန်လွှင့်ပြီးတော့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း သန္နိဌာန်ပြုရင်းနဲ့ ပြည်သူလူထုကို ကျွန်မတို့ ဆောင်ရွက်ထားမှုအနေအထားလေးတွေကို ပြန်လည် အစီရင်ခံလိုပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြည်သူလူထုခံစားနေရသော ဒုက္ခများ မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရနိုင်ရေး နေ့စဉ်နှင့်အမျှ မရပ်မနားဘဲ တော်လှန်ရေးစိတ်အပြည့်ဖြင့် ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။

ဆက်လက်ပြီး ပြည်သူလူထုအနေဖြင့်လည်း ကြံ့ကြံ့ခံရင်ဆိုင်ကာအောင်ပွဲခံသည်အထိ တောင့်ခံပေးရန် ဝန်ကြီးဒေါ်ဇင်မာအောင်က မေတ္တာရပ်ခံပန်ကြားသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာတွင် လူရာမဝင်ရေး၊ တရားမဝင်ရေးနှင့် NUG ကို ပိုမိုအသိအမှတ်ပြုခံရနိုင် ရေးအတွက် အဓိက ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းသည်။

မြန်မာ့အရေးကို ကမ္ဘာကြီးက မေ့လျော့မသွားရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားသည်။

ထို့အပြင် NUGသည် မည်သည့်အချိန်တွင် မည်သည်နေရာရောက်ရောက်ဟူ၍ လုပ်ဆောင်နေ ခြင်းမဟုတ်ဘဲ ဖက်ဒရယ်ချာတာ(နိုင်ငံရေးလမ်းပြမြေပုံ)နှင့်အညီ ရည်မှန်းချက်ထားဆောင်ရွက် နေခြင်းဖြစ်သည်ကို နိုင်ငံတကာက သိရှိနိုင်အောင်၊ လက်ခံနိုင်အောင် ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆက်လက်ရှင်းလင်းသည်။

လာမည့်ကာလအတွင်း နိုင်ငံတကာက မြန်မာ့အရေးကို အားပေးထောက်ခံမှုပိုမိုရရှိလာစေရန်၊ သံခင်းတမံခင်းတွင် NUG ကိုအသိအမှတ်ပြုမှု ရရှိလာစေရန် လူကိုယ်တိုင်(In-person)တွေ့ဆုံ ဆွေးနွေးမှုများကို စတင်တိုးမြှင့်ဆောင်ရွက်နေကြောင်း ဝန်ကြီးက အစီရင်ခံသည်။

လတ်တလောကာလတွင် NUG လူ့အခွင့်အရေးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန၊ လုံခြုံရေးဌာန၊ လူ့အခွင့်အရေး၊ USAID၊ တရားမျှတရေးဌာန စသည့် ဌာနဆိုင်ရာ ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း NUG သည် ချက်သမ္မတ၊ ဗြိတိန်၊ နော်ဝေ၊ ပြင်သစ်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများတွင် ကိုယ်စားလှယ်များခန့်အပ်ထားရှိကာ သက်ဆိုင် ရာနိုင်ငံအလိုက် ဆက်ဆံရေးရုံးခွဲများ ထူထောင်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။

ယင်းနောက် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု များ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။