Connect with us

Hi, what are you looking for?

News

ချောင်းကြီး ရဲကင်းစခန်းအနီးဗုံးခွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ၊ဗိုလ်ကြီးအပါအဝင် ၃ဦး အပြင်းအထန်ဒဏ်ရာရဟုTBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့​ပြော

စစ်​ကောင်စီဘက်မှ အထိ့နာခဲ့မှုနှင့်ပတ်သပ်၍ အခြား​ဒေသခံတစ်ဦးကလည်း”ပထမ တခါ မတ်တူးကား အနောက်အဖုံးထဲမှာထည့်ပြီး တစ်ယောက်သယ်သွားတာ မြင်လိုက်တာ။ ခဏနေတော့ နာရေးကားနှစ်စီးနဲ့ သယ်ပြီး ကြာအင်းစစ်ဆေးရုံဘက် ကို မောင်းသွားကြတာ”ဟု ​ပြောသည်။

မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာရှိ ရဲကင်းစခန်းအနီးတွင် ယနေ့(ဧပြီ ၁၆)နေ့လည်ပိုင်း၌ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဗုံး​ဖောက်ခွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး​သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိ​ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ယ​နေ့ ည​နေ သုံးနာရီခွဲခန့်တွင်ပြုလုပ်​သော တိုက်ခိုက်မှုတွင်စစ်ကောင်စီဝင် ၂ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးပွင့်ဗိုလ်ကြီးတစ်ဦး၊ရဲကင်းစခန်းမှူးတစ်ဦးနှင့် ချောင်းကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးထောင်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း​ဒေသခံအချို့ထံမှ သိရသည်။​ချောင်းကြီးရွာသည်သပိတ်ကျင်းမြို့နှင့်​ ဆိုင်ကယ်ဖြင့်သွားလျှင် တစ်နာရီဝန်းကျင်​မောင်းရ​သောအကွာအ​ဝေးတွင်ရှိသည်။

”မနက်တုန်းက အိမ်စီးကားလေးနဲ့ (စစ်​ကောင်စီတပ်က)ကင်းပတ်နေကြတာ ၊ ဒီနေ့ နေ့လည်ပိုင်း ၃နာရီခွဲ လောက်မှာ ရဲကင်းထိပ်ဘက်က အုံးဆိုပြီး အသံအကျယ်ကြီး ကြားလိုက်ရတာ။ ပြီးတော့ သေနတ် ၅ချက်လောက် ဆက်တိုက်ဖောက်တော့တာဘဲ” ဟု ဒေသခံတစ်ဦးက​ပြောသည်။

အဆိုပါတိုက်ခိုက်မှုကိုTBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နှင့်လက်​အောက်ခံအဖွဲ့ဝင် ဗိုလ်​တေဇ(02)မှ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီဘက်မှ အထိ့နာခဲ့မှုနှင့်ပတ်သပ်၍ အခြား​ဒေသခံတစ်ဦးကလည်း”ပထမ တခါ မတ်တူးကား အနောက်အဖုံးထဲမှာထည့်ပြီး တစ်ယောက်သယ်သွားတာ မြင်လိုက်တာ။ ခဏနေတော့ နာရေးကားနှစ်စီးနဲ့ သယ်ပြီး ကြာအင်းစစ်ဆေးရုံဘက် ကို မောင်းသွားကြတာ”ဟု ​ပြောသည်။

ယ​နေ့တိုက်ခိုက်မှုမှာ TBK ​တောဆင်ရိုင်း​ပြောက်ကျားအဖွဲ့၏ ပထမဆုံးစစ်​ရဆင်​ရေးဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံးစစ်ဆင်​ရေးပြီး​နောက်​အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း အဖွဲ့၏ သတင်းတာဝန်ခံက​ပြောသည်။

TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့အနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းစစ်ကောင်စီ အပါအဝင် စစ်ကောင်စီလက်အောက်ခံ မည်သည့်အဖွဲ့အစည်းကိုမဆို သက်ညှာမှူ့မရှိဘဲ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ၊အုပ်ချုပ်​ရေးမှူးများ ၊ဒလံများ နှင့်နီးနီးကပ်ကပ်မ​နေရန်လည်းအသိ​ပေးသည်။ထိုအပြင် စစ်ဆင်​ရေးများထပ်မံပြုလုပ်နိုင်​ရေး ရန်ပုံ​ငွေလိုအပ်သဖြင့် ပြည်သူများအ​နေဖြင့်ထည့်ဝင်ကူညီ​ပေးကြရန်လည်း ​အထက်ပါ တာဝန်ရှိသူကမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။