Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းကြီး ရဲကင်းစခန်းအနီးဗုံးခွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ၊ဗိုလ်ကြီးအပါအဝင် ၃ဦး အပြင်းအထန်ဒဏ်ရာရဟုTBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့​ပြော

စစ်​ကောင်စီဘက်မှ အထိ့နာခဲ့မှုနှင့်ပတ်သပ်၍ အခြား​ဒေသခံတစ်ဦးကလည်း”ပထမ တခါ မတ်တူးကား အနောက်အဖုံးထဲမှာထည့်ပြီး တစ်ယောက်သယ်သွားတာ မြင်လိုက်တာ။ ခဏနေတော့ နာရေးကားနှစ်စီးနဲ့ သယ်ပြီး ကြာအင်းစစ်ဆေးရုံဘက် ကို မောင်းသွားကြတာ”ဟု ​ပြောသည်။

မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာရှိ ရဲကင်းစခန်းအနီးတွင် ယနေ့(ဧပြီ ၁၆)နေ့လည်ပိုင်း၌ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဗုံး​ဖောက်ခွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး​သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိ​ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ယ​နေ့ ည​နေ သုံးနာရီခွဲခန့်တွင်ပြုလုပ်​သော တိုက်ခိုက်မှုတွင်စစ်ကောင်စီဝင် ၂ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးပွင့်ဗိုလ်ကြီးတစ်ဦး၊ရဲကင်းစခန်းမှူးတစ်ဦးနှင့် ချောင်းကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးထောင်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း​ဒေသခံအချို့ထံမှ သိရသည်။​ချောင်းကြီးရွာသည်သပိတ်ကျင်းမြို့နှင့်​ ဆိုင်ကယ်ဖြင့်သွားလျှင် တစ်နာရီဝန်းကျင်​မောင်းရ​သောအကွာအ​ဝေးတွင်ရှိသည်။

”မနက်တုန်းက အိမ်စီးကားလေးနဲ့ (စစ်​ကောင်စီတပ်က)ကင်းပတ်နေကြတာ ၊ ဒီနေ့ နေ့လည်ပိုင်း ၃နာရီခွဲ လောက်မှာ ရဲကင်းထိပ်ဘက်က အုံးဆိုပြီး အသံအကျယ်ကြီး ကြားလိုက်ရတာ။ ပြီးတော့ သေနတ် ၅ချက်လောက် ဆက်တိုက်ဖောက်တော့တာဘဲ” ဟု ဒေသခံတစ်ဦးက​ပြောသည်။

အဆိုပါတိုက်ခိုက်မှုကိုTBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နှင့်လက်​အောက်ခံအဖွဲ့ဝင် ဗိုလ်​တေဇ(02)မှ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီဘက်မှ အထိ့နာခဲ့မှုနှင့်ပတ်သပ်၍ အခြား​ဒေသခံတစ်ဦးကလည်း”ပထမ တခါ မတ်တူးကား အနောက်အဖုံးထဲမှာထည့်ပြီး တစ်ယောက်သယ်သွားတာ မြင်လိုက်တာ။ ခဏနေတော့ နာရေးကားနှစ်စီးနဲ့ သယ်ပြီး ကြာအင်းစစ်ဆေးရုံဘက် ကို မောင်းသွားကြတာ”ဟု ​ပြောသည်။

ယ​နေ့တိုက်ခိုက်မှုမှာ TBK ​တောဆင်ရိုင်း​ပြောက်ကျားအဖွဲ့၏ ပထမဆုံးစစ်​ရဆင်​ရေးဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံးစစ်ဆင်​ရေးပြီး​နောက်​အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း အဖွဲ့၏ သတင်းတာဝန်ခံက​ပြောသည်။

TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့အနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းစစ်ကောင်စီ အပါအဝင် စစ်ကောင်စီလက်အောက်ခံ မည်သည့်အဖွဲ့အစည်းကိုမဆို သက်ညှာမှူ့မရှိဘဲ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ၊အုပ်ချုပ်​ရေးမှူးများ ၊ဒလံများ နှင့်နီးနီးကပ်ကပ်မ​နေရန်လည်းအသိ​ပေးသည်။ထိုအပြင် စစ်ဆင်​ရေးများထပ်မံပြုလုပ်နိုင်​ရေး ရန်ပုံ​ငွေလိုအပ်သဖြင့် ပြည်သူများအ​နေဖြင့်ထည့်ဝင်ကူညီ​ပေးကြရန်လည်း ​အထက်ပါ တာဝန်ရှိသူကမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။