Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့ ကော်သူးလေဥက္ကဌကို ၀ဏ္ဏကျော်ထင်ဘွဲ့ ပေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် စစ်ကောင်စီဥက္ကဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်တာလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ကောင်စီက ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် စစ်ကောင်စီဥက္ကဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်တာလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲ့ဒီလို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းလိုက်တဲ့အထဲမှာ လက်ရှိ ကေအဲန်ယူဥက္ကဌဖြစ်သူ တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးလည်း ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကေအဲန်ယူမိခင်အဖွဲ့အစည်းကနေ ခွဲထွက်ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရယူသွားခဲ့တဲ့ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့က ပဒိုအောင်ဆန်း၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့က စောသမူဟဲ၊ သံတောင်ငြိမ်းချမ်းရေးအဖွဲ့က စောဖယ်ရီမိုး၊ ကရင်​ငြိမ်းချမ်းရေးကောင်စီ KNL/KNLA PC အဖွဲ့က ဗိုလ်ချုပ်ကြီးစောဌေးမောင်(ကွယ်လွန်) စတဲ့ တခြားအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေကိုလည်း စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အင်းနှင်းချီးမြှင့်ခဲ့ပေမယ့် တဖက်ကနေ စစ်ကောင်စီတပ်က ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်​ကောင်စီက ဂုဏ်ထူး​ဆောင်ဘွဲ့ဆိုပြီး​​ကြေညာတဲ့စာရင်းရှည်ထဲမှာ ​သေပြီးသာူသူ​တွေလည်းပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။