Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့ ကော်သူးလေဥက္ကဌကို ၀ဏ္ဏကျော်ထင်ဘွဲ့ ပေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် စစ်ကောင်စီဥက္ကဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်တာလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ကောင်စီက ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် စစ်ကောင်စီဥက္ကဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်တာလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲ့ဒီလို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းလိုက်တဲ့အထဲမှာ လက်ရှိ ကေအဲန်ယူဥက္ကဌဖြစ်သူ တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးလည်း ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကေအဲန်ယူမိခင်အဖွဲ့အစည်းကနေ ခွဲထွက်ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရယူသွားခဲ့တဲ့ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့က ပဒိုအောင်ဆန်း၊ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့က စောသမူဟဲ၊ သံတောင်ငြိမ်းချမ်းရေးအဖွဲ့က စောဖယ်ရီမိုး၊ ကရင်​ငြိမ်းချမ်းရေးကောင်စီ KNL/KNLA PC အဖွဲ့က ဗိုလ်ချုပ်ကြီးစောဌေးမောင်(ကွယ်လွန်) စတဲ့ တခြားအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေကိုလည်း စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အင်းနှင်းချီးမြှင့်ခဲ့ပေမယ့် တဖက်ကနေ စစ်ကောင်စီတပ်က ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်​ကောင်စီက ဂုဏ်ထူး​ဆောင်ဘွဲ့ဆိုပြီး​​ကြေညာတဲ့စာရင်းရှည်ထဲမှာ ​သေပြီးသာူသူ​တွေလည်းပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။