Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် BPLA က ညီနောင်မဟာမိတ်များ၊ PDFများနှင့် လက်တွဲအရှိန်မြှင့်ဆင်နွှဲမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ယုံကြည်

BPLA ၏ တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်သို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး BPLA သည် နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

(BPLA တပ်​တော် တစ်နှစ်ပြည့်အခမ်းအနား ယ​နေ့ ကျင်းပ​နေစဥ်၊ ဓာတ်ပုံ - BPLA)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးတိုက်ပွဲတွင် ညီနောင်မဟာမိတ်များ၊ PDF များနှင့်လက်တွဲကာ အရှိန်မြှင့်ဆင်နွှဲလိမ့်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ပြောသည်။

BPLA ၏ တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်သို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး BPLA သည် နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

“ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ပြတ်သားတဲ့ သန္နိဌာန်နဲ့ တပ်တစ်ခု တည်ထောင်ခဲ့ကြတဲ့ နွေဦးမျိုးဆက်တွေရဲ့ စွမ်းပကားကိုလည်း ဂုဏ်ပြုလိုတယ်။ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ဖွဲ့စည်းထူထောင်တဲ့နေရာမှာ လေ့ကျင့်မှုအပါအဝင် လိုအပ်တဲ့ ကူညီရိုင်းပင်းမှုများ ပြုခဲ့ကြတဲ့ ညီနောင် မဟာမိတ်တော်လှန်ရေးအဖွဲ့များအားလုံးရဲ့ ကျေးဇူးကိုလည်း ကျွန်တော်တို့ မမေ့မလျော့ရှိရမှာ ဖြစ်တယ်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယနေ့တိုင်းပြည်၏ လိုအပ်ချက်၊ ပြည်သူ၏ တောင်းဆို ချက်မှာ ပြည်ထောင်စုတစ်ရပ်နှင့် တပ်မတော်သစ်တစ်ခု တည်ထောင်ရန်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။