Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် BPLA က ညီနောင်မဟာမိတ်များ၊ PDFများနှင့် လက်တွဲအရှိန်မြှင့်ဆင်နွှဲမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ယုံကြည်

BPLA ၏ တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်သို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး BPLA သည် နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

(BPLA တပ်​တော် တစ်နှစ်ပြည့်အခမ်းအနား ယ​နေ့ ကျင်းပ​နေစဥ်၊ ဓာတ်ပုံ - BPLA)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးတိုက်ပွဲတွင် ညီနောင်မဟာမိတ်များ၊ PDF များနှင့်လက်တွဲကာ အရှိန်မြှင့်ဆင်နွှဲလိမ့်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ပြောသည်။

BPLA ၏ တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်သို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး BPLA သည် နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

“ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ပြတ်သားတဲ့ သန္နိဌာန်နဲ့ တပ်တစ်ခု တည်ထောင်ခဲ့ကြတဲ့ နွေဦးမျိုးဆက်တွေရဲ့ စွမ်းပကားကိုလည်း ဂုဏ်ပြုလိုတယ်။ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ဖွဲ့စည်းထူထောင်တဲ့နေရာမှာ လေ့ကျင့်မှုအပါအဝင် လိုအပ်တဲ့ ကူညီရိုင်းပင်းမှုများ ပြုခဲ့ကြတဲ့ ညီနောင် မဟာမိတ်တော်လှန်ရေးအဖွဲ့များအားလုံးရဲ့ ကျေးဇူးကိုလည်း ကျွန်တော်တို့ မမေ့မလျော့ရှိရမှာ ဖြစ်တယ်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယနေ့တိုင်းပြည်၏ လိုအပ်ချက်၊ ပြည်သူ၏ တောင်းဆို ချက်မှာ ပြည်ထောင်စုတစ်ရပ်နှင့် တပ်မတော်သစ်တစ်ခု တည်ထောင်ရန်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook