Connect with us

Hi, what are you looking for?

News

စစ်ရေးအခြေအနေအရ နန်းဖဲ – ဘောလခဲလမ်းပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် KNDF သတိပေး

“နန်းဖဲမှာက စခ ဂိတ်လည်းရှိတယ်။အခု သူတို့ စစ်ကြောင်းထိုးနေတာက နယ်မြေ စိုးမိုးချင်လို့ပဲ လို့ အကြမ်းဖျင်း ပြောရမယ်။ကျန်တာတော့ ပြည်သူတွေအနေနဲ့ KNDF က သတိပေး ထုတ်ပြန်တာကို ကျေးဇူးပြုပြီး လိုက်နာပေးဖို့ လိုပါတယ်”ဟု KNDFမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

▪️မေလ ၁၈ရက်ထိ တစ်လကြာသတ်မှတ်ထားပြီး ပြည်သူများလိုက်နာပေးရန် မေတ္တာရပ်ခံ

ဘောလခဲမြို့နယ် နန်းဖဲ- ဘောလခဲ လမ်းမကြီးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာရှိ ပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဧပြီ ၁၈ရက်မှ မေလ ၁၈ရက်အထိ လုံး၀ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၁၆ က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ပြည်သူလူထုများအားလုံး အထူးသဖြင့် ဘောလခဲမြို့နယ်အတွင်းရှိ ပြည်သူများလုံခြုံရေးအရ ဆောင်ရွက်နေဖြင်းဖြစ်၍ သတ်မှတ်ထားသည့်အချိန်ထိလုံး၀သွားလာခြင်းမပြုရန် အထူးမေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

“နန်းဖဲမှာက စခ ဂိတ်လည်းရှိတယ်။အခု သူတို့ စစ်ကြောင်းထိုးနေတာက နယ်မြေ စိုးမိုးချင်လို့ပဲ လို့ အကြမ်းဖျင်း ပြောရမယ်။ကျန်တာတော့ ပြည်သူတွေအနေနဲ့ KNDF က သတိပေး ထုတ်ပြန်တာကို ကျေးဇူးပြုပြီး လိုက်နာပေးဖို့ လိုပါတယ်”ဟု KNDFမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ဖရူဆို – ဘောလခဲ လမ်းပိုင်း၌ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိ၍ KNDF အပါအဝင် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဧပြီ ၁၄ရက်က ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲရွာအကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဝင်းထိုက်စိုးအပါအဝင် စစ်ကောင်စီတပ်များ မိုင်းထိခဲ့ပြီး ​လေးဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ တပ်မ(၆၆)၊ ခမရ (၁၀၈)တပ်ရင်းမှ တပ်ရင်းမှူး ဝင်းထိုက်စိုးမှာ ပြင်းထန်စွာဒဏ်ရာရ၍ လွိုင်ကော် စစ်ဆေးရုံ၌ ကုသလျက်ရှိရာ ဒဏ်ရာပြင်းထန်၍ သေဆုံးနိုင်ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ဧပြီ ဒုတိယပတ်အတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၈ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။