Connect with us

Hi, what are you looking for?

News

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်သောင်းနီးပါးရှိ

ရှေ့တန်းမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေဟာလည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေထံ လက်နက်ချ ခိုလှုံလာတာမျိုးတွေလည်းရှိလာနေတယ်လို့ ဝန်ကြီးချုပ်က အသိပေးပါသေးတယ်။

ပြည်သူ့ရင်ခွင်ကိုခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဟာ ဦးရေ တစ်သောင်းနီးပါးရှိလာပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒီနေ့မှာကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာပြောလိုက်ပါတယ်။

ဒီလိုပြည်သူ့ရင်ခွင် ခိုဝင်လာသူတွေဟာ စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်မထက်ဆောင်လိုသူတွေ ၊လူထုကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်တာတွေမလုပ်ချင်တဲ့သူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါအပြင် အကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုမထွက်လာဘဲ အတွင်းထဲကနေ ချိတ်ဆက်တော်လှန်နေကြသူတွေလည်းရှိတယ်လို့ ပြောပါသေးတယ်။

ဒီလိုအတွင်းထဲက ချိတ်ဆက်တော်လှန်နေကြသူတွေထံကနေ တန်ဖိုးရှိတဲ့သတင်းအချက်တွေရနေတယ်လို့လည်းဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့တန်းမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေဟာလည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေထံ လက်နက်ချ ခိုလှုံလာတာမျိုးတွေလည်းရှိလာနေတယ်လို့ ဝန်ကြီးချုပ်က အသိပေးပါသေးတယ်။

NUG အစိုးရ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ ယာယီသမ္မတ က စစ်ကောင်စီကို စွန့်ခွာလိုသူတွေအတွက် ပြည်သူ့ရင်ခွင်အစီအစဉ်ကို စီစဉ်ပေးထားပြီး သွေးမြေမကျတဲ့အတွက် နိုင်ငံတကာအနေနဲ့ ကူညီပေးကြဖို့ကိုလည်းတိုက်တွန်းထားတာရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတော့ စစ်ကောင်စီကို စွန့်ခွာလာသူ တပ်ဖွဲ့ဝင်တွေအတွက် သြစတြေးလျ နိုင်ငံက ခိုလှုံခွင့်ဗီဇာပေးမယ်လို့ ထုတ်ပြန်လာပြီးနောက်မှာ ဒီသတင်းဟာ စစ်ကောင်စီ တပ်တွင်းကိုအကြီးအကျယ်ထိတ်လန့်စေခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေဟာ တပ်တွင်းစည်းရုံးရေးကို မြေပြင်ဆင်းပြီး စည်းရုံးပြောဆိုတာတွေတောင်လုပ်လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook