Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် တိုက်ပွဲနှစ်ခုတွင်စစ်​ကောင်စီတပ်သား ၃၃ဦး​ကျော်​သေဆုံးဟု MRDA ထုတ်ပြန်

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ခွဲမှ နဂါးစစ်သည်တော်တစ်ဦး ​ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်းလည်း အသိ​ပေးထားသည်။

(မြန်မာ့​တော်ဝင်နဂါးတပ်​တော်မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MRDA)

●အင်အား၁၀၀ ​ကျော်ပါစစ်​ကောင်စီတပ်သည် စနိုက်ပါနှင့်၄၀ မမကြောင့်အ​သေများခဲ့ဟု ဗိုလ်နဂါး​ပြော

စစ်ကိုင်းတိုင်း၊ပုလဲ မြို့နယ်တွင်စစ်ကောင်စီ စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၃ ဦး​ကျော် သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) က ထုတ်ပြန်သည်။

“မနေ့က(ဧပြီ ၁၈ ရက်)က မင်းတိုင်ပင်ရွာကနေ ထွက်လာတဲ့ ရန်သူစစ်ကြောင်းက အင်အား ၁၀၀ ကျော်ပါတယ်။ သုံးကြိမ် တိုင်ကြားဖြတ်တိုက်ခဲ့တယ်။စနိုက်ပါတွေနဲ့ရော ၄၀ မမ တွေ ပါ အထိ များလို့ စခတွေ အသေများခဲ့တာ”ဟု MRDA ဦ၏ဆောင်သူ ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ယမန်နေ့ နံနက် ၉ နာရီခန့်ကစ၍ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ခွဲမှ ပုလဲမြို့နယ်၊​ ဆင်ရှင်နှင့်ကြောင်သန်းကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီအဖွဲ့မှ သုံးဦးသေဆုံးသည်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီခန့်အထိ ပုလဲမြို့နယ်၊ အရှေ့သီတင်းကျေးရွာအနီးတွင် ထပ်မံကြားဖြတ်တိုက်ခဲ့သည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှ တပ်သား ၃၀ ကျော်သေဆုံးနိုင်ကြောင်း MRDA က အတည်ပြုသည်။

“ယနေ့တစ်ရက်တည်းတွင်ပင် စုစုပေါင်း စခ ၃၃ ကျော်ကို ကိစ္စချောနိုင်ခဲ့ပါသည်” ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ခွဲမှ နဂါးစစ်သည်တော်တစ်ဦး ​ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်းလည်း အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။