Connect with us

Hi, what are you looking for?

News

မတ္တရာနယ် သဖန်းကိုင်းရွာကို မီးရှို့သည့် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရဟု ဒေသခံပြော

သဖန်းကိုင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ အောက်တိုဘာတွင် စတင်မီးရှို့ခဲ့ပြီး ကျေးရွာအနီးတောတဲတိုက်များကို မီးရှို့ခြင်းအပါအဝင် မီးရှို့သည့်အရေ အတွက် ငါးကြိမ်ခန့်ရှိပြီဟု ဆိုသည်။

(၂၀၂၁ အောက်တိုဘာက သဖန်းကိုင်းရွာကိုစစ်ကောင်စီတပ်က မီးရှို့ခဲ့စဉ်၊ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာမှ နေအိမ်များကို မီးရှို့သွားသည့် စစ်ကောင်စီတပ်သည် သဖန်းကိုင်းကျေးရွာမှပြန်အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံက သတင်းပေးပို့သည်။

ဧပြီ ၁၉ရက် နံနက် ၃နာရီ ၁၀မိနစ်၌ သဖန်းကိုင်းရွာမှ နေအိမ်ရှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ပြီး ဒေသခံတစ်ဦးကို ဖမ်းသွားသည်ဟု ဆိုသည်။

“အောင်ကျော်စိုးဆိုတဲ့ တစ်ယောက်က အဖမ်းခံရတယ် မီးရှို့ခံရတယ်။ ပြီးတော့ သူ့ရဲ့ယောက္ခမ အိမ်မီးရှို့ခံရတယ်။ သူတို့အိမ်တွေအပါ အားလုံးပေါင်း အိမ် ၈လုံးပေါ့ အဲဒါမီးရှို့သွားတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် အုတ်ထင်းသယ်သည့် ကား ၂စီး၊ ဆိုင်ကယ် ၂စီးဖြင့်ထွက်သွားရာ မြောင်းသစ်ရွာအလွန်၌ မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြောင်းသစ်ရွာအလွန်မှာ၄နာရီ ၁၅လောက်မှာ မိုင်း သုံးလုံးဆွဲသံကြားတယ်။ပစ်ခတ်သံတွေ။ သဖန်းကိုင်းမှာရွာမီးရှို့တုန်းကလည်း တောက်လျှောက်ပစ်ခတ်ရင်းနဲ့ မီးရှို့တာ” ဟု ဒေသခံက ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိ၊မရှိ မသိရသေးဟုဆိုသည်။

သဖန်းကိုင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ အောက်တိုဘာတွင် စတင်မီးရှို့ခဲ့ပြီး ကျေးရွာအနီးတောတဲတိုက်များကို မီးရှို့ခြင်းအပါအဝင် မီးရှို့သည့်အရေ အတွက် ငါးကြိမ်ခန့်ရှိပြီဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။