Connect with us

Hi, what are you looking for?

News

မြိုင်တိုက်ပွဲ ပြည်သူ့ရဲဘော် ခုနှစ်ဦးကျဆုံး၊ အရပ်သားသုံးဦးကိုလည်း စစ်ကောင်စီတပ်သတ်ဖြတ်

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းသို့ အင်အားအများအပြားတိုးချကာ စစ်ကြောင်းထိုးရန် ကြိုးစားနေသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်ကို နည်းမျိုးစုံ ပြန်လည်တိုက်ခိုက်နေသည်။

တိုက်ပွဲပြင်းထန်နေသည့် မ​ကွေးတိုင်း မြိုင်မြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ခုနှစ်ဦး ကျဆုံးခဲ့ရသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ(၁)နှင့် အကြမ်းဖက်စစ်ကောင်စီသည် ဧပြီ ၁၉ရက်က တဲကြီးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ်ဦးသည် ချောင်ပိတ်ဖမ်းဆီးခံရကာ ပစ်သတ်ခံလိုက်ရသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ထို့အပြစ် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့်အပြစ်မဲ့ပြည်သူ သုံးဦး​​သေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းသို့ အင်အားအများအပြားတိုးချကာ စစ်ကြောင်းထိုးရန် ကြိုးစားနေသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်ကို နည်းမျိုးစုံ ပြန်လည်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။