Connect with us

Hi, what are you looking for?

News

မုံရွာပင်မသပိတ်စစ်​ကြောင်း ပွိုင့်ကင်းတာဝန်ထမ်း​ဆောင်ရင်း ကျဆုံးခဲ့သည့် ရဲ​ဘော်ငါးဦး၏ ​နေရာအားသတင်း​ပေး​နှစ်ဦးကို သုတ်သင်ရှင်းလင်း

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများထံ သတင်း ပေးခဲ့သူ နှစ်ဦးအနက်တစ်ဦးသည် မိုးညှင်းကျေးရွာနေ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူထား​သူ ဒလန်အကြီးစား နေလင်းထွန်း(ခ)ခေသူ ဖြစ်ပြီး ဧပြီ ၁၇ ရက် ညနေ ၄ နာရီကပင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

မုံရွာပင်မသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ပွိုင့်ကင်း တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်ငါးဦးသတ် ဖြတ်ခံရမှုဖြစ်စဥ်တွင် နေရာအတိအကျသတင်းပေးခဲ့သူ နှစ်ဦးကို ရှင်းလင်းခဲ့ကြောင်း Special Force 11က အသိ​ပေး ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများထံ သတင်း ပေးခဲ့သူ နှစ်ဦးအနက်တစ်ဦးသည် မိုးညှင်းကျေးရွာနေ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူထား​သူ ဒလန်အကြီးစား နေလင်းထွန်း(ခ)ခေသူ ဖြစ်ပြီး ဧပြီ ၁၇ ရက် ညနေ ၄ နာရီကပင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အလားတူ ကူတောပလ္လင်ရွာတွင်နေထိုင်သော ဒလန်အကြီးစား ကျောင်းဆရာ တင်ဝင်းကိုလည်း ဧပြီ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် သုတ်သင်ခဲ့ကြောင်း အသိပေးသည်။

ရှင်းလင်းခဲ့သည့် ဒလန်နှစ်ဦးသည် ပြည်သူများ၏ တိုင်ကြားချက်အရ သေချာစွာစိစစ်ပြီး သက်သေ ခိုင်လုံသဖြင့် နယ်သူနယ်သားများဆန္ဒအတိုင်း ရှင်းလင်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တင်ဝင်းက Non CDM အပြင် ဒလန်အကြီးစားပါ။သတ်ခံရတာ အိမ်ထဲမှာပဲ။သူ့ကို သေချာမေးမြန်ပြီးမှ ပစ်သွားတာလို့ သိရတယ်”ဟု ကူတောပလ္လင်ရွာနေသူတစ်ဦးက People’s Springသို့ ပြောသည်။

ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်)နေ့က မုံရွာ-မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်အုပ်စုကို ချီတက်ဆန္ဒပြခဲ့သည့် မုံရွာပင်မသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ပွိုင့်ကင်း တာဝန်ဆောင်ရွက်ရင်း ကျဆုံးခဲ့သည့် ရဲဘော်ငါးဦးသည် ချောင်းဦး PDF မှ ဖြစ်သည်။

အဆိုပါ လူထုလှုပ်ရှားမှုသည် နံနက် ၇နာရီတွင် စတင်ခဲ့ပြီး နံနက် ၇နာရီမှ မိနစ် ၂၀တွင် အထိအခိုက်မရှိ လူစုခွဲနိုင်ခဲ့ကာ စစ်ကြောင်းလိုက်ပါသူ ပြည်သူလူထုနှင့် စစ်ကြောင်းဝန်းရံ စောက်ရှောက်ပေးသူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးအန္တရာယ် ကင်းရှင်းခဲ့သည်။

သို့သော် မုံရွာပင်မသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လမ်းပိုင်းအလိုက် ပွိုင့်ကင်းတာဝန်ဆောင်ရွက်နေသည့် ပွိုင့်ကင်းနေရာတစ်ခုသည် နံနက် ၈နာရီဝန်းကျင်ခန့်တွင် ဒလန်သတင်းပေးမှုကြောင့် တောပုကျေးရွာမှ ပျူစောထီးများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်တွင် ချောင်းဦးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် (CDM ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂)၊ ရဲဘော် မင်းသန့်ကျော်၊ ရဲဘော် ရာဇာထွန်း၊ ရဲဘော် နိုင်ဝဏ္ဏနှင့် ရဲဘော် မင်းခန့်(ခ) မိုးဒီတို့သည် အရှင်ဖမ်းဆီးခံရပြီး ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။