Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လုံရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီနှင့် RCSS စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာ

SSPP အနေဖြင့် ပြီးခဲ့သည့် လပိုင်းများအတွင်းက ရှမ်းမြောက်ဒေသရှိ RCSS တပ်များကို တိုက်ခိုက်မောင်းထုတ်ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း ရက်စောက်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က RCSS ဘက်မှ လေကြောင်းပစ်ကူ ဆောင်ရွက်ခဲ့သည်ဟု SSPP တပ်မှူး တစ်ဦးက ပြောဆိုထားသည်။

(SSPP တပ်သားများအား ​တွေ့ရစဥ်)

▪️မည်သည့်အဖွဲ့တက်လာသည်ဖြစ်စေ ပစ်ခတ်မည်ဟု SSPP ရှေ့တန်းတပ်မှူးပြော

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ် အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ တပ်စခန်းအနီးတွင် စစ်ကောင်စီနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)တို့က အင်အားအလုံး အရင်းဖြင့် စစ်ရေးလှုပ်ရှားလာကြောင်း SSPPက ယနေ့ ထုတ်ပြန်သည်။

“စစ်ကောင်စီ စစ်သားအင်အားရာချီ SSPP/SSA တပ်စခန်းဖြစ်တဲ့ ပင်လုံမြို့နယ်ထဲက စနင်းတောင်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားနေတာတွေ့ရပါတယ်၊ တစ်ဖက်မှာလည်း RCSS စစ်ကြောင်းလည်း SSPP/SSA တပ်စခန်းအနီးသို့ စစ်ရေးလှုပ်ရှားလာတာတွေ့ရတယ်”ဟု SSPP၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဧပြီ ၁၉ရက်ကလည်း စစ်ကောင်စီတပ်မ အမှတ်(၅၁၃) လက်အောက်ခံ တပ်ရင်းအမှတ် ၂၇၇/၂၇၈ ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်ပြီး ခန့်မှန်းစစ်အင်အား ၃၀၀ ကျော်သည် ပင်လုံ ၊ လဲချားမှ စစ်ကြောင်း သုံးကြောင်းခွဲ၍ SSPP တပ်စွဲရာ စနင်းတောင်သို့ ဦးတည်လာနေကြောင်း ၊ တစ်ဖက်တွင်လည်း RCSS တပ်သည် စံခေး၊ စံဖ၊ ခိဝ်ဖ တို့ ဦးဆောင်သည့် တပ်မ အမှတ်(၆၀၆)က စနင်းတောင်အနောက်မြောက်ဘက်ခြမ်းရှိ ဖာလိုင်း ၊ ကျိုင်းခမ်းလုံဘက်၌ စစ်ရေးလှုပ်ရှားနေသည်ဟု SSPP က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အင်အား ၉၀ခန့်ရှိ တပ်တစ်ခုသည်လည်း စနင်းတောင် ၏ တောင်ဘက်ခြမ်း နားလောင်း၊ ကုံးခေးရွာ၌ လှုပ်ရှားနေကြောင်း၊ တပ်စု အမှတ်(၇၀၇)သည်လည်း လဲချားမြို့၏ အရှေ့တောင်ဘက်ခြမ်း နမ့်မိုဒေသရှိ SSPP/SSA တပ်စခန်းအနီး စစ်ရေးလှုပ်ရှားနေသည်ဟုဆိုသည်။

“ယခုအခြေအနေကတော့ စစ်ကောင်စီဘက်က ကျွန်တော်တို့ကိုရှိတဲ့စနင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာပြီ၊ ဒါပေမဲ့ သူတို့စစ်ကြောင်းက ကျွန်တော်တို့နားတော့ မရောက်သေးဘူး၊ စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက်ထိုးစစ် ဝင်နေမယ်ဆိုရင်တော့ သေနတ်သံတွေထပ်ကြားရ တော့မှာပေါ့၊ သူတို့က ကျွန်တော်တို့ကိုလာရှာတာလေ ကျွန်တော်တို့ အရင်သွားရှာတာမဟုတ်ဘူး ၊ ကျွန်တော်တို့နေတဲ့နေရာထိကိုလာရှာတာဆိုတော့ ကျွန်တော်တို့ လည်း ပစ်ရမှာပဲ၊ အခုက စစ်ကောင်စီက ကျွန်တော်တို့ဆီကို ဦးတည်လာနေတယ် အပြင်မှာက RCSS ဘက်က ခုခံစစ် ပြင်ဆင်ထားတဲ့ပုံစံပါပဲ ဘယ်လိုပဲဖြစ်နေပါစေ ယခုအခြေနေအရတော့ဘယ်အဖွဲ့တက်တက် အရင်တက်လာတဲ့ အဖွဲ့ကိုပစ်မှာပဲ”ဟု စစ်မြေပြင်ရောက်နေသည့် SSPP/SSA အရာရှိတစ်ယောက်က ပြောကြေားကြောင်း ဖော်ပြထားသည်။

SSPP အနေဖြင့် တပ်ပြန်ဆုတ်ရန် အစီအစဉ်မရှိကြောင်း ၊ စစ်ရေးတင်းမာနေသည့် အခြေအနေတွင်လွယ်တိုင်းလျန်းဌာနချုပ်မှ ဗိုလ်မှူး စိုင်းမြ၊ ဗိုလ်မှူး စိုင်းကာလိင်၊ ဗိုလ်မှူး စိုင်းလိုင်တို့ ဦးဆောင်သည့်စစ်ကြောင်းသုံးကြောင်း အင်အား ၂,၀၀၀ခန့်သည် စစ်ရေးတင်းမာလျက်ရှိသည့် ဒေသဘက်သို့ ဦးတည်ချီတက်လာနေကြောင်း၊ အလားတူ စစ်ကောင်စီဖက်ကလည်း စစ်ရေးတင်းမာနေသည့်ဘက်သို့ နေပြည်တော်မှ စစ်ကူကားအစီးရေ ဆယ်နှင့်ချီ တက်လာနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ ဖော်ပြထားသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ပြောရေးဆိုခွင့် ရှိသူ အချို့ထံဆက်သွယ်ရာ အဆက်အသွယ်မရပေ။

SSPP အနေဖြင့် ပြီးခဲ့သည့် လပိုင်းများအတွင်းက ရှမ်းမြောက်ဒေသရှိ RCSS တပ်များကို တိုက်ခိုက်မောင်းထုတ်ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း ရက်စောက်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က RCSS ဘက်မှ လေကြောင်းပစ်ကူ ဆောင်ရွက်ခဲ့သည်ဟု SSPP တပ်မှူး တစ်ဦးက ပြောဆိုထားသည်။

SSPPသည် ၀လက်နက်ကိုင်တပ်(UWSA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။