စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ စစ်ရှောင်ပြည်သူများ မြွေအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မြွေဆိပ်ဖြေဆေးများ လှူဒါန်းပေးရန် Kotaungbo Revolutionက ယနေ့ (ဧပြီ၂၂ ရက်)တွင် ထုတ်ပြန် သည်။
မတ်လ ၂၉ ရက်ကစ၍ ကိုးတောင်ဘို့ဒေသ တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး စစ်ကြောင်းထိုးနေသည်မှာ သုံးပတ်ကျော်ကြာမြင့်နေပြီဟု အသိပေးသည်။
ထို့အပြင် နေ့စဉ်လက်နက်ကြီး၊လက်နက်ငယ် များဖြင့်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေ၍ နေရပ်မပြန်နိုင်ဘဲ တောတောင်ထဲ၌ မြွေအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ တောတောင်၊လယ်ကွင်းတွေထဲမှာ စစ်ဘေးရှောင်ရင်း မြွေပွေးကိုက်ခံရသူ ငါးဦး ရှိလာပါပြီ။သိုလှောင်ထားတဲ့မြွေဆိပ်ဖြေဆေးအနည်း ငယ်နဲ့CDMဆရာဝန်၊ဆရာမတွေကုသပေးမှုကြောင့် အသက်မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေးမရှိတော့တဲ့အခြေအနေနှင့်ရင်ဆိုင်နေရပါပြီ” ဟု Kotaungbo Revolution က ပြောသည်။

Public Service Announcement
လက်ရှိ အကြမ်းဖက်စစ်အုပ်စု၏ အန္တရာယ်ကြောင့် ကိုးတောင်ဘို့ရွာမ၊ ကွက်သစ်၊ပိတောက်ခုံ၊ကျွန်းကုန်း၊ပေါက်ကုန်း၊ကိုင်းမ၊လျော်ဖြူကုန်း၊ဇီးကနား၊နှောကုန်း၊ချပ်ကုန်း၊မိဿလင်ကုန်းနှင့် ရှားချောင်း အပါအဝင်ကျေးရွာ ၁၂ ရွာရှိ ဒေသခံပြည်သူ ၂၀,၀၀၀ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“ မြန်မာမြွေဆိပ်ဖြေဆေး(BPI)ဟာ ဝယ်လို့မလွယ်ကူတဲ့အထိရှားပါးနေပါပြီ။အပြင်မှာဝယ်ယူဖို့ကြိုးစားသော်လည်းကာလ တန်ဖိုး (၈)သောင်းလောက်ရှိနေလို့ဝယ်ဖို့အဆင်မပြေဖြစ်နေရပါတယ်။စစ်ခွေးတွေရဲ့ကျည်ဆန်ကိုကြောက်နေရင်းနောက်မြွေပွေးရန်ကိုပါ စစ်ဘေးရှောင်များရင်ဆိုင်နေရပါတယ်။မြွေဆိပ်ဖြေဆေးရရှိနိုင်မယ့်အဆက်အသွယ်များရှိနေရင် ကူညီပေးကြစေလိုပါတယ်” ဟု Kotaungbo Revo lution မေတ္တာရပ်ခံသည်။
မြွေဆိပ်ဖြေဆေးဖိုးပြင်ပ ပေါက်ဈေးနှုန်း (၈၀၀၀၀) ကျပ်ကို လှူဒါန်းမည်ဆိုပါကလည်း Kotaungbo Revolution pageမှတဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း အသိပေးသည်။

















































