Connect with us

Hi, what are you looking for?

News

ဓနု​ဒေသ ရွာငံကို စစ်ကောင်စီ ထိုးစစ်ဆင်နေ အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်က နွားဘန်းကြီးကျေးရွာမှ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးလိုက်သလို ပဲရင်းတောင်ရွာမှ နေအိမ်တစ်လုံးကိုလည်း မီးရှို့သွားသည်ဟု သတင်းရရှိသည်။ ပဲရင်းတောင်ရွာဒေသခံ ၁၈ဦးထက်မနည်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်။

(စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီးသည့် ​ဒေသခံများ၏ ​နေအိမ်အချို့ကို ​တွေ့ရစဥ်)

ရှမ်းပြည်နယ်​တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာပတ်ဝန်းကျင်တောအတွင်း PDFများရှိနေသည်ဟုဆိုကာ ယနေ့နံနက်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ဒေသခံများပိုင်ဆိုင်သည့် ​နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ရွာငံနယ် ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နွားဘန်းကြီး ကျေးရွာအနီးရှိ ရှုခင်းသာ ဘုရားကုန်းပေါ် တပ်စွဲကာ ယင်းနေရာမှနေ၍ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေခြင်း ဖြစ်သည်။

“အရပ်သားတွေ ပြေးနေရပြီ။ရမ်းသမ်းပစ်နေတာ။ ဒေသခံတွေပိုင်တဲ့ အိမ်သုံးလုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီအတ်ိုင်းဆိုရွာမှာနေလို့ မရတော့ဘူး”ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။

နားဘန်းကြီးကျေးရွာအနောက်ဘက် တောင်ကြောတွင် PDFစခန်းရှိသည်ဟုဆိုကာ စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ လူငယ်များသည် ယင်းနေရာတွင် မရှိတော့ဘဲ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဟု စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“PDFစခန်းကို တိုက်မယ်လို သတင်းရလို့ ကြိုရှောင်ထားပြီးသား။ ကလေးတွေက အခုဆို EAO တွေရဲ့ အကူအညီနဲ့ လွတ်မြောက်နယ်မြေမှာရောက်နေပြီ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က နွားဘန်းကြီးကျေးရွာမှ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးလိုက်သလို ပဲရင်းတောင်ရွာမှ နေအိမ်တစ်လုံးကိုလည်း မီးရှို့သွားသည်ဟု သတင်းရရှိသည်။ ပဲရင်းတောင်ရွာဒေသခံ ၁၈ဦးထက်မနည်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ သိသိသာသာ လှုပ်ရှားလာပြီးနောက် စစ်ကောင်စီက သိသိသာသာ အင်အားတိုးမြှင့်ထားသည်။

ဧပြီ ၉ရက်က တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ဗိုလ်မှုးအပါအဝင် လေးဦးသေဆုံးခဲ့သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စစ်ကောင်စီက တောနင်းရှာဖွေနေပြီး စစ်ကိုင်း၊မကွေး၊​ ကရင်နီ၊ချင်းဒေသများကဲ့သို့ အရပ်သားနေအိမ်များကို ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်လာသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီကို တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ချိတ်ဆက်ကာ ခုခံတော်လှန်စစ်ကို အရှိန်မြှင့်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့်အတူ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍ ယမန်နေ့က ဖွဲ့စည်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။