Connect with us

Hi, what are you looking for?

News

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဟာ ဧပြီလ ၂၁ ရက်ကစတင်ပြီး အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အများပြည်သူ သိရရှိရအောင်ထုတ်ပြန်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း ၊ ကိုသူရမောင်မောင် ၊ ကိုဇော်လင်းနိုင် ၊ ကိုသီဟထက်ဇော် တို့အဆက်အသွယ်ပြတ်သွားသလို ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်တဲ့ ကိုဟိန်းထက်လည်း ဆက်သွယ်လို့မရတော့ဘူးလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အလားတူပါပဲ နောက်ထပ်ကျောင်းသား ၂ ဦးဖြစ်တဲ့ ကိုသက်ပိုင်ဦး ၊ ကိုခန့်လင်းမောင်မောင်တို့ ဟာလည်း အဆက်အသွယ်ပြတ်နေပါတယ်။

ဒီလို အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေတာဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ် နိုင်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယူဆထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်က တော်ဝင်လမ်းကို ကျဆုံးရဲဘော် မဝတ်ရည်အောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ရည်လမ်းလို့ ပြောင်းလဲခေါ်ဆိုပေးဖို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအပါအဝင် ကျောင်းသားထု အသင်းအဖွဲ့ ၁၂ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။