Connect with us

Hi, what are you looking for?

News

ရေရှင်ရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ်မှ​သေဆုံးခဲ့​သူများထဲမှ ခလရ (၈၇) ဗိုလ်ကြီးထက်​အောင်ခိုင် အ​လောင်းကိုပင်လာမ​ကောက်

မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်များတွင် က​လေးမြို့အ​ခြေစိုက် ခလရ (၈၇) မှဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲဒုတပ်ကြပ် စိုးမင်းသူ ၊တပ်သားရန်နိုင်​ကျော် တို့ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်​ကောင်စီတပ်နှင့် ပျူး​စောထီးအ​​လောင်းအချို့ကို​ကောက်သွား​သော်လည်း ဗိုလ်ကြီးတစ်ဦးအပါအဝင်အချို့ကိုလာမ​ကောက်​​ခြင်းဖြစ်

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ် အ​ရှေ့ပိုင်း ၊​ရေရှင်ရွာအနီးတိုက်ပွဲဖြစ်ခဲ့ရာ​နေရာများတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်​ကောင်စီတပ်သားအလောင်းများ၊ ခဲယမ်းနှင့်စစ်ဘက်သုံးပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်(RKDF) ထုတ်ပြန်သည်။

ကလေးမြို့နယ် တောင်ဘက်တွင် ဧပြီ ၂၂ရက်က ရေရှင်ကျေးရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးစုစု​ပေါင်းအင်အား ၂၅၀ရှိ​သောစစ်​ကြောင်းသုံး​ကြောင်းကို​ဒေသခံပြည်သူ့ကာကွယ်​ရေူတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ရာတွင်စစ်​ကောင်စီတပ်မှ အရာရှိ သုံးဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးခဲ့ပြီး အကြမ်းဖက်စ်စကောင်စီမှယ​နေ့အထိ့ အလောင်းလာကောက်ခြင်းမရှိကြောင်း ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

RKDFက သိမ်းဆည်းရမိသည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများမှာ ၅ဒသမ ၅၆ ကျည် ၂၂၄တောင့်၊ အူဇီ ကျည် ၆၁ တောင့်၊ Enarga ဗုံးသီး သုံးလုံး၊ MA ကျည်အိမ် ​လေးခု၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် စကားပြောစက်တစ်လုံးတို့ကိုသိမ်းဆည်းရမိသည်ဟု ​ဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။ သိမ်းဆည်းရမိသည့် ဖုန်းမှ ယာဉ်ထိန်းရဲ ဖုန်းဖြစ်​နေ​ကြောင်း RKDFထုတ်ပြန်သည်။ထို​​ကြောင့်စစ်​ကောင်စီတပ်က​ တိုက်ပွဲဖြစ်ပွားရာ​​ရှေ့တန်းစစ်​မြေပြင်များသို့ယာဥ်ထိန်းရဲများကိုပါ စစ်​ဝတ်စုံဝတ်​စေလွှတ်ထားသည့်​သာဓကတစ်ခုဖြစ်​ကြောင်း PDFများနှင့်နီးစပ်​သောသတင်းရင်းမြစ်က​ ပြောသည်။

Public Service Announcement

Public Service Announcement

မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်များတွင် က​လေးမြို့အ​ခြေစိုက် ခလရ (၈၇) မှဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲဒုတပ်ကြပ် စိုးမင်းသူ ၊တပ်သားရန်နိုင်​ကျော် တို့ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်​ကောင်စီတပ်က တိုက်ပွဲတွင်​သေဆုံးသွား​သောဗိုလ်ကြီးထက်​အောင်ခိုင်၏ရုပ်အ​လောင်းကိုပင်လာမ​ကောက်​​ကြောင်းသိရသည်။ ဗိုလ်ကြီးထက်​အောင်ခိုင်တွင် ဇနီးနှင့် က​လေးနှစ်ဦးကျန်ရစ်ခဲ့သည်။

တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်နှင့်ပျူ​စောထီး ၂၀ကျော်အနက် အချို့ရုပ်အ​လောင်းများကို ​သယ်သွားပြီး အချို့ရုပ်အ​လောင်းများကိုမှုချန်ခဲ့ခြင်းဖြစ် သည်။

ဒဏ်ရာရရှိသူများတွင် ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ((၉၃၄)မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ (၉၁၆)မှ တပ်သားတင့်နိုင်ဦး၊ ပျူစောထီးများဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ပါဝင်သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော