Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေရှင်ရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ်မှ​သေဆုံးခဲ့​သူများထဲမှ ခလရ (၈၇) ဗိုလ်ကြီးထက်​အောင်ခိုင် အ​လောင်းကိုပင်လာမ​ကောက်

မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်များတွင် က​လေးမြို့အ​ခြေစိုက် ခလရ (၈၇) မှဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲဒုတပ်ကြပ် စိုးမင်းသူ ၊တပ်သားရန်နိုင်​ကျော် တို့ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်​ကောင်စီတပ်နှင့် ပျူး​စောထီးအ​​လောင်းအချို့ကို​ကောက်သွား​သော်လည်း ဗိုလ်ကြီးတစ်ဦးအပါအဝင်အချို့ကိုလာမ​ကောက်​​ခြင်းဖြစ်

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ် အ​ရှေ့ပိုင်း ၊​ရေရှင်ရွာအနီးတိုက်ပွဲဖြစ်ခဲ့ရာ​နေရာများတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်​ကောင်စီတပ်သားအလောင်းများ၊ ခဲယမ်းနှင့်စစ်ဘက်သုံးပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်(RKDF) ထုတ်ပြန်သည်။

ကလေးမြို့နယ် တောင်ဘက်တွင် ဧပြီ ၂၂ရက်က ရေရှင်ကျေးရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးစုစု​ပေါင်းအင်အား ၂၅၀ရှိ​သောစစ်​ကြောင်းသုံး​ကြောင်းကို​ဒေသခံပြည်သူ့ကာကွယ်​ရေူတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ရာတွင်စစ်​ကောင်စီတပ်မှ အရာရှိ သုံးဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးခဲ့ပြီး အကြမ်းဖက်စ်စကောင်စီမှယ​နေ့အထိ့ အလောင်းလာကောက်ခြင်းမရှိကြောင်း ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

RKDFက သိမ်းဆည်းရမိသည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများမှာ ၅ဒသမ ၅၆ ကျည် ၂၂၄တောင့်၊ အူဇီ ကျည် ၆၁ တောင့်၊ Enarga ဗုံးသီး သုံးလုံး၊ MA ကျည်အိမ် ​လေးခု၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် စကားပြောစက်တစ်လုံးတို့ကိုသိမ်းဆည်းရမိသည်ဟု ​ဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။ သိမ်းဆည်းရမိသည့် ဖုန်းမှ ယာဉ်ထိန်းရဲ ဖုန်းဖြစ်​နေ​ကြောင်း RKDFထုတ်ပြန်သည်။ထို​​ကြောင့်စစ်​ကောင်စီတပ်က​ တိုက်ပွဲဖြစ်ပွားရာ​​ရှေ့တန်းစစ်​မြေပြင်များသို့ယာဥ်ထိန်းရဲများကိုပါ စစ်​ဝတ်စုံဝတ်​စေလွှတ်ထားသည့်​သာဓကတစ်ခုဖြစ်​ကြောင်း PDFများနှင့်နီးစပ်​သောသတင်းရင်းမြစ်က​ ပြောသည်။

Public Service Announcement

Public Service Announcement

မြစ်သာမြစ်အ​ရှေ့ဘက်ကမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်များတွင် က​လေးမြို့အ​ခြေစိုက် ခလရ (၈၇) မှဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲဒုတပ်ကြပ် စိုးမင်းသူ ၊တပ်သားရန်နိုင်​ကျော် တို့ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်​ကောင်စီတပ်က တိုက်ပွဲတွင်​သေဆုံးသွား​သောဗိုလ်ကြီးထက်​အောင်ခိုင်၏ရုပ်အ​လောင်းကိုပင်လာမ​ကောက်​​ကြောင်းသိရသည်။ ဗိုလ်ကြီးထက်​အောင်ခိုင်တွင် ဇနီးနှင့် က​လေးနှစ်ဦးကျန်ရစ်ခဲ့သည်။

တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်နှင့်ပျူ​စောထီး ၂၀ကျော်အနက် အချို့ရုပ်အ​လောင်းများကို ​သယ်သွားပြီး အချို့ရုပ်အ​လောင်းများကိုမှုချန်ခဲ့ခြင်းဖြစ် သည်။

ဒဏ်ရာရရှိသူများတွင် ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ((၉၃၄)မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ (၉၁၆)မှ တပ်သားတင့်နိုင်ဦး၊ ပျူစောထီးများဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ပါဝင်သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။