Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထောင်ထားသည့် မိုင်းများမရှင်းရသေး၍ စစ်ပွဲဇုန်ရှိကျေးရွာများသို့ ပြန်မဝင်သေးရန် ပြည်သူများအား ဒီးမော့ဆို PDF အသိပေး

ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြည်သူလူထုများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

▪️နယ်​မြေရှင်းလင်းရာ စစ်​ကောင်စီတပ်ထံမှ ခဲယမ်းနှင့်စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရမိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဇုန်နေရာအချို့ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ နင်းမိုင်းအများအပြား တွေ့ရှိရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဧပြီ တတိယအပတ်တွင် ပြုလုပ်ခဲသည့် နယ်မြေရှင်းလင်းရေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားခဲ့သော နေရာမှ တပ်ဆုတ်ခဲ့ရာတွင် နင်းမိုင်းအပြားအများထောင်ထားခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ နင်းမိုင်းများအားလုံး မရှင်းလင်းနိုင်သေးသည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေးရှေးရှုပြီး စစ်ဇုန်ရှိကျေးရွာတွင် ပြန်လည်ဝင်ရောက်ခြင်းမပြုလုပ်ကြရန် အသိပေးအပ်သည်ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြည်သူလူထုများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။