Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထောင်ထားသည့် မိုင်းများမရှင်းရသေး၍ စစ်ပွဲဇုန်ရှိကျေးရွာများသို့ ပြန်မဝင်သေးရန် ပြည်သူများအား ဒီးမော့ဆို PDF အသိပေး

ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြည်သူလူထုများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

▪️နယ်​မြေရှင်းလင်းရာ စစ်​ကောင်စီတပ်ထံမှ ခဲယမ်းနှင့်စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရမိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဇုန်နေရာအချို့ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ နင်းမိုင်းအများအပြား တွေ့ရှိရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဧပြီ တတိယအပတ်တွင် ပြုလုပ်ခဲသည့် နယ်မြေရှင်းလင်းရေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားခဲ့သော နေရာမှ တပ်ဆုတ်ခဲ့ရာတွင် နင်းမိုင်းအပြားအများထောင်ထားခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ နင်းမိုင်းများအားလုံး မရှင်းလင်းနိုင်သေးသည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေးရှေးရှုပြီး စစ်ဇုန်ရှိကျေးရွာတွင် ပြန်လည်ဝင်ရောက်ခြင်းမပြုလုပ်ကြရန် အသိပေးအပ်သည်ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသ၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြည်သူလူထုများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။