Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းမြို့နယ်အတွင်း အရပ်သား ၇၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ကုန်ဆေးဝါးတွေလိုအပ်နေ

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲ့ သတင်းပေးပို့ထားပါတယ်။

ကေအဲန်ယူ-သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံအရပ်သားပြည်သူ (၇၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကစပြီး ဘီးလင်းမြို့နယ်အတွင်းမှာ KNLA KNDO တပ်နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာမှုတွေရှိလာခဲ့ပြီး စစ်ကောင်စီက လူနေထိုင်ရာကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးနယ်အတွင်း ကျေးရွာပေါင်း ၉ ရွာက လူဦးရေ (၇၀၀၀) နီးပါးဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေရကာ ဆန်၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၃ ရက်ညကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာက ကလေးတစ်ဦးနဲ့ အဘွားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးပြီါး လူနေအိမ်ငါးလုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သေးတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဧပြီ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က လေးကေကျေးရွာမှာအခြေချတဲ့ စစ်ကောင်စီ BGF ပူးပေါင်းစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လေးကေကျေးရွာအတွင်း နေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲ့ သတင်းပေးပို့ထားပါတယ်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီBGF ပူးပေါင်းတပ်ရဲ့ လေးကေနဲ့ ဝင်းတာပန်စခန်းနှစ်ခုကို ဧပြီ ၂၃ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ KNDO တပ်ရင်း(၂)ဌာနချုပ်က ထုတ်ပြန်ကြေငြာခဲ့ပြီး စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အတွက် စစ်ရေးတင်းမာတဲ့အခြေအနေတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။