Connect with us

Hi, what are you looking for?

News

ဘီးလင်းမြို့နယ်အတွင်း အရပ်သား ၇၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ကုန်ဆေးဝါးတွေလိုအပ်နေ

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲ့ သတင်းပေးပို့ထားပါတယ်။

ကေအဲန်ယူ-သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံအရပ်သားပြည်သူ (၇၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကစပြီး ဘီးလင်းမြို့နယ်အတွင်းမှာ KNLA KNDO တပ်နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာမှုတွေရှိလာခဲ့ပြီး စစ်ကောင်စီက လူနေထိုင်ရာကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးနယ်အတွင်း ကျေးရွာပေါင်း ၉ ရွာက လူဦးရေ (၇၀၀၀) နီးပါးဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေရကာ ဆန်၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၃ ရက်ညကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာက ကလေးတစ်ဦးနဲ့ အဘွားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးပြီါး လူနေအိမ်ငါးလုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သေးတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဧပြီ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က လေးကေကျေးရွာမှာအခြေချတဲ့ စစ်ကောင်စီ BGF ပူးပေါင်းစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လေးကေကျေးရွာအတွင်း နေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲ့ သတင်းပေးပို့ထားပါတယ်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီBGF ပူးပေါင်းတပ်ရဲ့ လေးကေနဲ့ ဝင်းတာပန်စခန်းနှစ်ခုကို ဧပြီ ၂၃ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ KNDO တပ်ရင်း(၂)ဌာနချုပ်က ထုတ်ပြန်ကြေငြာခဲ့ပြီး စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အတွက် စစ်ရေးတင်းမာတဲ့အခြေအနေတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

Facebook