Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းရန် အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိ

MPDF- GANGAW နှင့် မဟာမိတ်များဖြစ်ကြသော ဒေသခံ၊အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပကဖ အဖွဲ့၊ YPDF တပ်ဖွဲ့တို့ဖြင့် ပူးပေါင်းစစ် ဆေးတိုင်ပင်၍ YPDF မှ တာဝန်ယူကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးပို့ခဲ့ပြီဖြစ်ကြောင်း အသိပေးသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းရန် အရပ်ဝတ်ဖြင့် ထွက်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိကြောင်း MPDF- GANGAW က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဧပြီ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ကင်းပုန်းဝပ်နေသော MPDF တပ်ဖွဲ့ဝင်များက အရပ်သားဟန်ဆောင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို စစ်ဆေးရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရာတွင် ၎င်းတို့ နှစ်ဦးစလုံးမှာ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄)မှ ဖြစ်သည်။

သားငယ် ဆိုသည့် တပ်သားများ ကိုယ်ပိုင်နံပါတ် (တ) ၅၄၄၈၈၈၊ လုပ်သက် (၄)နှစ်နှင့် နေရပ်မှာ ပဲခူးမြို့မှ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျန်တစ်ဦးဖြစ်သည့် တပ်သား လပြည့် ကိုယ်ပိုင်နံပါတ် (တ)၅၆၅၃၆၇၊ လုပ်သက် (၂)နှစ်နှင့် နေရပ်မှာ ရန်ကုန် မဂ်လာဒုံမြို့နယ်မှ ဖြစ်ကြောင်း စစ် lဆေးမှုအရ သိရသည်။

အကြမ်းဖက်စစ်တပ်၏ ခမရ (၂၀၄) တပ်သည် ကလေးမြို့ဘက်မှ ဂန့်ဂေါ ဘက်သို့ စစ်ကြောင်းထိုးလာရင်း ဟားခါးမြို့နှင့် ဂန့်ဂေါမြို့ကြားရှိ ဘုံးဇုန် ကျေးရွာအနီး တပ်စွဲထားရာမှ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းလေ့လာရန် ၎င်းတို့နှစ်ဦး ထွက်လာခြင်းဖြစ်သည်ဟု ပြည်သူ့တပ်ဖွဲ့ထံ ထွက်ဆိုသည်။

MPDF- GANGAW နှင့် မဟာမိတ်များဖြစ်ကြသော ဒေသခံ၊အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပကဖ အဖွဲ့၊ YPDF တပ်ဖွဲ့တို့ဖြင့် ပူးပေါင်းစစ် ဆေးတိုင်ပင်၍ YPDF မှ တာဝန်ယူကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးပို့ခဲ့ပြီဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။