Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ရင်ခွင် ကြိုဆိုပေးနေချိန်တွင် စစ်မြေပြင်ကို ရွေးပါက တူမီးက စကားပြောလိမ့်မည်ဟု မင်းတပ် CDF စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သတင်းစကားပါး

သေနတ်ကိုင်သည့် တပ်ဖွဲ့ဝင်များ ဖြစ်၍ စည်းကမ်းရှိရမည်ဖြစ်ပြီး အမိန့်နာခံမှုရှိရမည်ဖြစ်ကြောင်း၊ ပြည်သူကို အမိအဖကဲ့သို့ ဆက်ဆံရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်

(ချင်းကာကွယ်‌ရေးတပ်ဖွဲ့ မင်းတပ်၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနား (သို့) တူမီးတော်လှန်ရေး တစ်နှစ်ပြည့်အခမ်းအနားကို ဧပြီ ၂၄ရက်က ​တွေ့ရစဥ် ၊ ဓာတ်ပုံ - Salai Houng Aung Ling)

စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် ကြိုဆိုနေမှုကို လက်မခံဘဲ စစ်မြေပြင်ကို ရွေးပါက တူမီးက စကားပြောလိမ့် မည်ဖြစ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF) က သတင်း စကားပါးသည်။

ဧပြီ ၂၄ရက်တွင် ကျရောက်သည့် တူမီးဖြင့် စတင်တော်လှန်ခဲ့သည့် မင်းတပ် CDF ၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနားတွင် ဆလိုင်းလိုရာမိုး၏ တူမီးတော်လှန်ရေးကဗျာကို ဖတ်ကြားခဲ့သည်။

“ကမ်းလက်လှမ်းထားတယ်။ ပြည်သူ့ရင်ခွင်က ကြိုဆိုပေးနေတယ်။ စစ်မြေပြင်ကိုမှ ခင်ဗျားရွေးရင် တူမီးက စကားပြောလိမ့်မယ်။ချင်းတစ်ယောက်ဟာ သေနတ်တစ်လက်လွယ်တဲ့အခါ ကြောက်စရာကောင်းတဲ့အကြောင်း ခင်ဗျားတို့ဆီ သတင်းစကားမလာဘဲနဲ့ သိရမယ်။တူမီးပြောတဲ့ စကားသံအောက်မှာ အဓမ္မတွေနိဂုံးချုပ်ရမယ်။ ဖက်ဆစ်ဝါဒီတွေကျရှုံးရမယ်။ တူမီးသံဟာ စစ်မိစ္ဆာတွေလန့်ဖြတ်ရတဲ့ ဂါထာသံဆိုလည်း ဟုတ်တယ်” ဟု မင်းတပ် CDF တာဝန်ရှိသူ တစ်ဦးက အခမ်းအနားတွင် ကဗျာဖတ်ကြားသည်။

(ချင်းကာကွယ်‌ရေးတပ်ဖွဲ့ မင်းတပ်၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနား (သို့) တူမီးတော်လှန်ရေး တစ်နှစ်ပြည့်အခမ်းအနားကို ဧပြီ ၂၄ရက်က ​တွေ့ရစဥ် ၊ ဓာတ်ပုံ – Salai Houng Aung Ling)

အခြေအနေ အချိန်အခါအရ လက်နက်ခဲယမ်း တောင့် တင်းအောင် ကြိုးစားနေချိန်ဖြစ်ကြောင်း ၎င်း အဆိုပါ မင်းတပ် CDF တာဝန်ရှိသူက ၎င်းမိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

“မောင်းပြန်ဖြစ်မှ မောင်းပြန်ကိုင်ရမှ ရှေ့တန်းသွားမယ်ဆိုတဲ့ စိတ်ဓာတ်မမွေးကြပါနဲ့” ဟု ၎င်းက ဆိုသည်။

သေနတ်ကိုင်သည့် တပ်ဖွဲ့ဝင်များ ဖြစ်၍ စည်းကမ်းရှိရမည်ဖြစ်ပြီး အမိန့်နာခံမှုရှိရမည်ဖြစ်ကြောင်း၊ ပြည်သူကို အမိအဖကဲ့သို့ ဆက်ဆံရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်

“ပြည်သူ့ရဲ့ထောက်ခံမှုမရှိဘဲ ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့အချိန်မှာ မိဘနဲ့ထိတွေ့ဆက်ဆံသလို ထိတွေ့ဆက်ဆံပေးဖို့လိုချင်တယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ အခက်အခဲကိုတက်နိုင်သလောက် ဖြေရှင်းပေးရေး အမြဲတမ်းအာရုံစိုက်ကြရန်လည်း မင်းတပ် CDF တာဝန်ရှိသူက ပြောသည်။

(ချင်းကာကွယ်‌ရေးတပ်ဖွဲ့ မင်းတပ်၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနား (သို့) တူမီးတော်လှန်ရေး တစ်နှစ်ပြည့်အခမ်းအနားကို ဧပြီ ၂၄ရက်က ​တွေ့ရစဥ် ၊ ဓာတ်ပုံ – Salai Houng Aung Ling)

“ကျွန်တော်တို့ လက်နက်ကိုင်တယ်ဆိုတာ အာဏာလိုချင်လို့ လက်နက်နဲ့ သာယာတဲ့ ဘ၀တစ်ခုကို တည်ဆောက်ချင်လို့ လက်နက်ကိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ အန္တိမ ပန်းတိုင်ဟာ ချင်းပြည်နယ်နဲ့ ချင်းပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့” ဟု၎င်းက ပြောကြားသည်။

ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် လက်နက်ကိုင်ခြင်းဖြစ်၍ မိမိတို့၏ ရပ်တည်ချက်ကို မဖောက်ဖျက်မိအောင် ကြိုးစားကြရန်လည်း မင်းတပ် CDF တာဝန်ရှိသူက ပြောကြားသည်။

မင်းတပ် CDFသည် စစ်ကောင်စီတပ်များကို တူမီးသေနတ်များဖြင့် စတင်တော်လှန်ခဲ့ရာ မင်းတပ်မြို့အနီး ကနဦးဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ပင် လက်နက်အင်အားသာလွန်သည့် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ခုခံတော်လှန်သည့် တိုက်ပွဲများဆက်တိုက် ဆင်နွှဲခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။