Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်မှူးနှစ်ဦးအပါအဝင် EPCဝန်ထမ်းနှင့် လက်ပါးစေ စုစုပေါင်း ၂၆ဦးကို ဖမ်းဆီးထားကြောင်း KNDF အသိပေး

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင် သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းသည်။

လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်း သိမ်းထားသောကြောင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ စိုးရိမ်ပူပမ်ခြင်းမရှိကြရန် ထုတ်ပြန်၊ ကရင်နီပြည်ရဲဌာနထံ လွှဲပြောင်းပြီး တရားစွဲတင်နိုင်ရေး ကြိုးပမ်းနေဟုဆို

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မှူးနှစ်ဦးနှင့် စစ်ကောင်စီယန္တရား လည်ပတ်စေသူ များဖြစ်သော လျှပ်စစ်ဓာတ်အားပေးဌာန(EPC)ဝန်ထမ်း များအား ဖမ်းဆီးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(ဧပြီ ၂၆ ရက်)တွင် ထုတ်ပြန်သည်။

ဧပြီ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်- ဖယ်ခုံလမ်းမအနီးတွင်၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါ တိုင်များကိုပြင်ဆင်ရန် အကြမ်းဖက်စစ် ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၎င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း ၂၆ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံပစ္စည်းများကို KNDF မှ ဖမ်းဆီး ရမိခဲ့ခြင်းဟု အသိပေးသည်။

ဖမ်းဆီးထားသော လျှပ်စစ်ဌာနမှ အကျဥ်းသားများကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွဲချက်တင် အရေးယူနိုင်ရန် ဆက်လက်စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း KNDF က ဆိုသည်။

Public Service Announcement

Public Service Announcement

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင် သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းသည်။

“ကျွန်တော်တို့ KNDF ရဲ့မူအရ တရားစွဲတင်နိုင်ဖို့ ဆောင်ရွက်နေတယ်။စစ်ဆေးမေးမြန်းနေ တယ်။တရားစွဲတင်တဲ့အခါကြရင်တော့ အဲဒီထဲမှာမှ အပြစ်မရှိဘူးလို့ သတ်မှတ်ခံရသူတွေက လွတ်ငြိမ်ခွင့်ရမှာဖြစ်ပါတယ်”ဟု KNDF ဗဟိုကော်မတီဝင်တစ်ဦးက People’s Springသို့ ပြောသည်။

KNDF မှ ဖမ်းဆီးခြင်းခံရသော အကျဥ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်း သိမ်းထားသောကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပမ်ခြင်းမရှိကြရန်နှင့် ဆိုရှယ်မီဒီယာထက်တွင် ပြန့်နှံ့လျက်ရှိသော သတင်းအမှားများနှင့် ကောလဟာလများကို မယုံကြည်ကြရန်ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။