Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မှူးနှစ်ဦးအပါအဝင် EPCဝန်ထမ်းနှင့် လက်ပါးစေ စုစုပေါင်း ၂၆ဦးကို ဖမ်းဆီးထားကြောင်း KNDF အသိပေး

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင် သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းသည်။

လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်း သိမ်းထားသောကြောင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ စိုးရိမ်ပူပမ်ခြင်းမရှိကြရန် ထုတ်ပြန်၊ ကရင်နီပြည်ရဲဌာနထံ လွှဲပြောင်းပြီး တရားစွဲတင်နိုင်ရေး ကြိုးပမ်းနေဟုဆို

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မှူးနှစ်ဦးနှင့် စစ်ကောင်စီယန္တရား လည်ပတ်စေသူ များဖြစ်သော လျှပ်စစ်ဓာတ်အားပေးဌာန(EPC)ဝန်ထမ်း များအား ဖမ်းဆီးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(ဧပြီ ၂၆ ရက်)တွင် ထုတ်ပြန်သည်။

ဧပြီ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်- ဖယ်ခုံလမ်းမအနီးတွင်၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါ တိုင်များကိုပြင်ဆင်ရန် အကြမ်းဖက်စစ် ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၎င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း ၂၆ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံပစ္စည်းများကို KNDF မှ ဖမ်းဆီး ရမိခဲ့ခြင်းဟု အသိပေးသည်။

ဖမ်းဆီးထားသော လျှပ်စစ်ဌာနမှ အကျဥ်းသားများကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွဲချက်တင် အရေးယူနိုင်ရန် ဆက်လက်စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း KNDF က ဆိုသည်။

Public Service Announcement

Public Service Announcement

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင် သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းသည်။

“ကျွန်တော်တို့ KNDF ရဲ့မူအရ တရားစွဲတင်နိုင်ဖို့ ဆောင်ရွက်နေတယ်။စစ်ဆေးမေးမြန်းနေ တယ်။တရားစွဲတင်တဲ့အခါကြရင်တော့ အဲဒီထဲမှာမှ အပြစ်မရှိဘူးလို့ သတ်မှတ်ခံရသူတွေက လွတ်ငြိမ်ခွင့်ရမှာဖြစ်ပါတယ်”ဟု KNDF ဗဟိုကော်မတီဝင်တစ်ဦးက People’s Springသို့ ပြောသည်။

KNDF မှ ဖမ်းဆီးခြင်းခံရသော အကျဥ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်း သိမ်းထားသောကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပမ်ခြင်းမရှိကြရန်နှင့် ဆိုရှယ်မီဒီယာထက်တွင် ပြန့်နှံ့လျက်ရှိသော သတင်းအမှားများနှင့် ကောလဟာလများကို မယုံကြည်ကြရန်ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။