Connect with us

Hi, what are you looking for?

News

မြန်မာ့ရေနံနှင့် MOGEကို ပိတ်ဆို့အရေးယူရေးရန် လောင်းလုံးလူငယ်များ ဆန္ဒပြတောင်းဆို

MOGEသည် စစ်အုပ်စုအတွက် အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲရှိသည်။ မြန်မာနိုင်ငံ၏ ပြည်ပရ‌ငွေ ၇၀ ရာခိုင်နှုန်းရှိသည်။

ဓာတ်ပုံ - DDMSC

အကြမ်းဖက်စစ်ကောင်စီ၏ အဓိကဝင်ငွေဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို အမေရိကန်အစိုးရအနေဖြင့် ပိတ်ဆို့အရေးယူရေးရန် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လူငယ်များက ယနေ့ (ဧပြီ ၂၆) နံနက်ပိုင်း၌ ဆန္ဒပြတောင်းဆိုခဲ့သည်။

လူငယ်များက “Sanction Gas Revenues Now! USA – Please Sanction MOGE” ဆိုသည့် စာတန်းကိုင်ဆောင်၍ (MOGE)ကို ပိတ်ဆို့အရေးယူရေး တောင်းဆိုခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

” အ​ကြမ်းဖက်စစ်တပ်ဟာ MOGE ကနေ ဝင်ငွေအမြောက်အမြားရရှိနေပါတယ်။ အဲဒီငွေတွေ ကို အကြမ်းဖက်စစ်ခေါင်းဆောင် လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပြည်သူလူထုကို သတ်ဖြတ်မယ့် လက်နက်ဝယ်ယူရေးအတွက်သာ အသုံးပြုကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းများကနေ MOGE ထံ အခွန်ဘဏ္ဍာများ မစီးဝင်အောင် ပိတ်ဆို့နိုင်ပါက ကျွန်တော်တို့ တော်လှန်ရေးအတွက် အင်မတန်အကျိုးရှိမှာဖြစ်ပါတယ် ” ဟု လောင်းလုံးလူငယ်များက ပြောသည်။

MOGEသည် စစ်အုပ်စုအတွက် အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲရှိသည်။ မြန်မာနိုင်ငံ၏ ပြည်ပရ‌ငွေ ၇၀ ရာခိုင်နှုန်းရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် MOGEကို အီးယူက ဆန်ရှင်သတ်မှတ်ထားသည်။ MOGEကို အရေးယူပိတ်ဆို့လိုက်သော် လည်း စစ်အုပ်စုထံ ငွေကြေးဆက်လက် ဆက်လက်ပေးဆောင်နေဆဲဖြစ်သည်။

EU ပိတ်ဆို့မှုများတွင် ပါဝင်သည့် အချက်မှာ “လက်ရှိ စစ်အုပ်စု ထိန်းချုပ်နေသော MOGE ဘဏ်အကောင့်များထဲမှ ရေနံ အကျိုးအမြတ်ငွေများကို ထုတ်ယူသုံးစွဲခွင့် မရှိတော့ခြင်း၊ ပြင်သစ်ရေနံကုမ္ပဏီများအနေဖြင့် MOGE အား ငွေပေးချေစရာ ရှိပါက ကြားခံထားသော ဘဏ်အကောင့် (Escrow Bank Account) ထဲသို့သာ လွှဲပြောင်းခွင့် ရှိပြီး MOGE အကောင့်ထဲသို့ လွှဲပြောင်းခွင့် မရှိတော့ခြင်း” ဖြစ်သည်။

ထိုကြောင့် စစ်အုပ်စုအတွက်ဝင်ငွေ အဓိက ဖြစ်နေသည့် MOGEကို ပိုမိုတင်းကျပ်စွာ အရေးယူပိတ်ဆို့ရန်လိုအပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။