Connect with us

Hi, what are you looking for?

News

စစ်ကိုင်းဘက်မှ မုံရွာသို့စစ်​ကောင်စီတပ်ကာ အစီး ၁၀၀ ​ကျော်သွား

စစ်ကိုင်းမှ ထွက်ခွာလာသောကားများသည် စစ်ကိုင်းမြို့နယ်၊ ပျော့ရွာအနီး မိုင်းဆွဲခံရကြောင်း၊၂စီးတစ်စု ၊၃စီး တစ်စုဖြင့်မုံရွာမြို့သို့ ဦးတည်လာနေကြောင်း ဒေသတွင်းဇေယျာတိုင်းမ်စာမျက်နှာက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ အစီးရေ ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် ယနေ့နံနက်ပိုင်းက မုံရွာနယ်ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၆နာရီ ၂၀ မိနစ် ဝန်းကျင်က စစ်ကိုင်းမြို့ တပ်မ၃၃အနီးတွင် မိုးကာအုပ်ထားသော စစ်တပ်ယာဉ် အစီးရေ ၅၀ကျော်ရပ်ထားသည်ကို တွေ့ရကြောင်း၊ ၆း၄၅ ခန့်တွင် မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြပြီး အုန်းတောလမ်းဆုံတွင် မုံရွာလမ်းအတိုင်း ဆက်လက်မောင်းနှင်သွားကြောင်း၊ စစ်ကားအကြီး၊ အသေး၊ အချုပ်ကား စသဖြင့် ပါဝင်ပြီး အလုံပိတ်ထားကာ စုစုပေါင်းအစီးရေ ၁၃၇စီးခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမှ ထွက်ခွာလာသောကားများသည် စစ်ကိုင်းမြို့နယ်၊ ပျော့ရွာအနီး မိုင်းဆွဲခံရကြောင်း၊၂စီးတစ်စု ၊၃စီး တစ်စုဖြင့်မုံရွာမြို့သို့ ဦးတည်လာနေကြောင်း ဒေသတွင်းဇေယျာတိုင်းမ်စာမျက်နှာက အသိပေးသည်။

“မုံရွာ စစ်ကိုင်းလမ်း နေရာအတော်များများမှာလည်း အကြမ်းဖက်စကစတွေက ကင်းအနေထားနဲ့ ရှိနေတာတွေ့မြင်နေရပါတယ်။”ဟု ဇေယျာတိုင်းမ်စာမျက်နှာက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီကားအများစုမှာရွက်ဖြင်သားဖြင့် အလုံပိတ်များဖြစ်ပြီး ကား​နောက်ခန်းတွင် လူပါ၊မပါ မသိ့ရဘဲ ၊ ​နောက်​ပေါက်ပွင့်​နေ​သောကားအချို့တွင် စစ်​ကောင်စီတပ်သား အနည်းငယ်သာပါသည်ကို​တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း သင်္ကြန်အပြီးကာလတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများအကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာခဲ့သည်။ မုံရွာမြို့ သည်စစ်​ကောင်စီ တပ်၏ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တည်ရှိရာမြို့ဖြစ်ပြီး ​ဒေသတွင်းစစ်​ရေးလှုပ်ရှားမှုများကို နမခကို အ​ခြေပြုလှုပ်ရှား​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။