Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်ရှိ သံဘိုရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၃၀ကျော်ပြာကျ၊ ဒေသခံတစ်ဦးကိုပါ ပစ်သတ်သွား

ခင်ဦးမြို့နယ်တွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၉၀၀ခန့်ရှိလာကာ စစ်ဘေးသင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၄,၅၀၀ခန့်မှာလည်း စားစရာ၊နေစရာ၊ဆေးဝါးကအစ အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသတွင်းကူညီနေသူများက ပြောကြားသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီးနောက် သံဘိုကျေးရွာအတွင်း မြင်တွေ့ရစဥ်။ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၁၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်ဦးကိုပါ ပစ်သတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၆ရက်) နံနက် ၄နာရီခန့်က ခင်ဦးမြို့နယ် သံဘိုကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များသည် လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့၍ ရွာသူရွာသားများ ထွက်ပြေးခဲ့ရကြောင်း၊ ရွာသူ၊ရွာသားများ၏ နေအိမ်များအား တစ်နေကုန် မွှေနှောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၅နာရီ ခန့်အချိန်၌ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီးနောက် သံဘိုကျေးရွာအတွင်း မြင်တွေ့ရစဥ်။ဓာတ်ပုံ-Cj)

ကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်အဖွဲ့တွင် ခင်ဦးမြို့ရဲစခန်းမှ အကြမ်းဖက်များနှင့် မကျီးတုံကျေးရွာရှိ ပျူစောထီးများပါဝင်ကြောင်း၊ ၎င်းတို့မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၃၀ကျော်ထိ ပြာကျပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ထို့အပြင် ရွာအတွင်းရှိ အကြမ်းဖက်မွှေနှောက်နေစဥ် ကျန်ရစ်ခဲ့သော အသက်(၃၆)နှစ်အရွယ် ကိုအောင်ဆန်းမြင့်ဆိုသူ အမျိုးသားတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်ရွာလုံးကျွတ် မီးရှို့ပစ်တယ်။ ကားတွေ ဖုန်းတွေ၊ဆန်တွေ ၊စပါးတွေ ၊နွားတွေ၊ သိုးတွေ၊ ပစ္စည်းတွေ ခိုးယူကြတယ် ဖျက်ဆီးတယ်။ ခုတစ်ရွာလုံးအိမ်တွေမရှိကြတော့ဘူး။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေဘိုဘက်မှ လာသော အကြမ်းဖက်စစ်အုပ်စုသည် ခင်ဦးမြို့နယ် ပေါက်တုံရွာ မကျီးကန်ကျေးရွာတို့ရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီးနောက် သံဘိုကျေးရွာအတွင်း မြင်တွေ့ရစဥ်။ဓာတ်ပုံ-Cj)

ခင်ဦးမြို့နယ်တွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၉၀၀ခန့်ရှိလာကာ စစ်ဘေးသင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၄,၅၀၀ခန့်မှာလည်း စားစရာ၊နေစရာ၊ဆေးဝါးကအစ အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသတွင်းကူညီနေသူများက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။