Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဝပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း KIA အတည်ပြု၊ စစ်ကောင်စီတပ်က ဖားကန့်ဘက်သို့ လက်နက်ကြီးပစ်ခတ်တုံ့ပြန်

မိုးညှင်းမြို့ မော်ဟန်နယ်မြေရဲစခန်းကိုလည်း KIAနှင့် PDF ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၃ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ချောင်း၀ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။

ဧပြီ ၂၈ရက် နံနက်အစောပိုင်းတွင် အဆိုပါ ချောင်း၀ တပ်စခန်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်(PDF) ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ပြည်သူ့စစ်များက ပြန်လည်ပစ်ခတ်ခြင်း မရှိဘဲဆုတ်ခွာသွားသည်ဟု ဒေသခံ၏ ပြောကြားချက်ကို ကိုးကား၍ ကချင်သတင်းဌာန KNGက ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ပြည်သူ့စစ်စခန်းကို မီးရှို့လိုက်သည့် သတင်းတင်ပြမှုကို ရရှိသော်လည်း အသေးစိတ်အခြေအနေ မသိရသေးဟု ပြောသည်။ ပြည်သူ့စစ်များမရှိ၍ တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

သို့ရာတွင် စစ်ကောင်စီတပ်သည် ဖားကန့်ရှိ KIA တပ်ရင်း(၆)နယ်မြေသို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်လာကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတော့ မဖြစ်ပါဘူး။ ခုဏပြောတဲ့ ပြည်သူ့စစ်စခန်းတွေ မီးရှို့ပစ်လိုက်လို့ ဟိုဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်ထင်တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” တိုက်ပွဲက နာရီဝက်ခန့်ကြာမယ်။အဲ့စခန်းမှာက စစ်တပ်နဲ့ ရှမ်းနီအဖွဲ့ ထိုင်တာ။ ပစ်ခတ်သံတွေကြားနေရတယ်။ ပြီးတော့ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အထက်ပါ စစ်ဆက်ရေးကို KIAနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်မသိသေးဟု ဆိုသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းမှ လာတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးညှင်းမြို့ မော်ဟန်နယ်မြေရဲစခန်းကိုလည်း KIAနှင့် PDF ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၃ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဧပြီ ၂၆ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်။

မိုးညှင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် သတင်းပေးဒေါက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်၊ ပြည်သူ့စစ်စခန်းများနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ခုခံတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။