Connect with us

Hi, what are you looking for?

News

ချောင်းဝပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း KIA အတည်ပြု၊ စစ်ကောင်စီတပ်က ဖားကန့်ဘက်သို့ လက်နက်ကြီးပစ်ခတ်တုံ့ပြန်

မိုးညှင်းမြို့ မော်ဟန်နယ်မြေရဲစခန်းကိုလည်း KIAနှင့် PDF ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၃ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ချောင်း၀ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။

ဧပြီ ၂၈ရက် နံနက်အစောပိုင်းတွင် အဆိုပါ ချောင်း၀ တပ်စခန်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်(PDF) ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ပြည်သူ့စစ်များက ပြန်လည်ပစ်ခတ်ခြင်း မရှိဘဲဆုတ်ခွာသွားသည်ဟု ဒေသခံ၏ ပြောကြားချက်ကို ကိုးကား၍ ကချင်သတင်းဌာန KNGက ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ပြည်သူ့စစ်စခန်းကို မီးရှို့လိုက်သည့် သတင်းတင်ပြမှုကို ရရှိသော်လည်း အသေးစိတ်အခြေအနေ မသိရသေးဟု ပြောသည်။ ပြည်သူ့စစ်များမရှိ၍ တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

သို့ရာတွင် စစ်ကောင်စီတပ်သည် ဖားကန့်ရှိ KIA တပ်ရင်း(၆)နယ်မြေသို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်လာကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတော့ မဖြစ်ပါဘူး။ ခုဏပြောတဲ့ ပြည်သူ့စစ်စခန်းတွေ မီးရှို့ပစ်လိုက်လို့ ဟိုဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်ထင်တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” တိုက်ပွဲက နာရီဝက်ခန့်ကြာမယ်။အဲ့စခန်းမှာက စစ်တပ်နဲ့ ရှမ်းနီအဖွဲ့ ထိုင်တာ။ ပစ်ခတ်သံတွေကြားနေရတယ်။ ပြီးတော့ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အထက်ပါ စစ်ဆက်ရေးကို KIAနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်မသိသေးဟု ဆိုသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းမှ လာတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးညှင်းမြို့ မော်ဟန်နယ်မြေရဲစခန်းကိုလည်း KIAနှင့် PDF ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၃ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဧပြီ ၂၆ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်။

မိုးညှင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် သတင်းပေးဒေါက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်၊ ပြည်သူ့စစ်စခန်းများနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ခုခံတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook