Connect with us

Hi, what are you looking for?

News

ဖာပွန်ရှိ စစ်ကောင်စီ၏ ကျောက်ညှပ်တပ်စခန်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

Salween Press၏ သတင်းဖော်ပြချက်တွင် ကျောက်ညှပ်စခန်း ကျပြီးနောက် သံလွင်မြစ်ရှိ မယ်နုထာ့ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲ၍ ဒေသခံအများအပြားထွက်ပြေးကြရသည်ဟု ​ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက ယ​နေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

“ ဒီနေ့ သူတို့ တက်သိမ်းတာဟုတ်တယ်။ အတည်ပြုလို့ရပြီ။ ကျောက်ညှပ်စခန်းကတော့ ကျွန်တော်တို့ ဖာပွန်မြို့နယ်ပေါ့။ သံလွင်ကမ်းနားနဲ့တော့ သိပ်တော့မဝေးဘူး။နယ်စပ်ပေါ့” ဟု ၎င်းကဆက်​ပြောသည်။

အဆိုပါ တပ်စခန်း တွင် အင်အား ၂၀ ပတ်ဝန်းကျင်သာရှိသည်ဟု သိရပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က စခန်းတစ်ခုက လူသိပ်မများဘူးလေ။ ၂၀၊ ၃၀ အများဆုံးပဲ။ ကြားတာကတော့ ၆ယောက်တော့ အရှင်ဖမ်းမိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ မသေချာသေးဘူး။” ဟု ၎င်းက ပြောသည်။ လက်နက်ခဲယမ်းရရှိသည်ဟု သိရကြောင်းလည်း ၎င်းက ပြောသည်။

Salween Press၏ သတင်းဖော်ပြချက်တွင် ကျောက်ညှပ်စခန်း ကျပြီးနောက် သံလွင်မြစ်ရှိ မယ်နုထာ့ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲ၍ ဒေသခံအများအပြားထွက်ပြေးကြရသည်ဟု ​ဖော်ပြထားသည်။

KNU တပ်မဟာ(၅)အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ရာ လစဉ် တိုက်ပွဲရာချီဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုလည်းများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook