Connect with us

Hi, what are you looking for?

News

Total မထွက်ခွာမီ အကြမ်းဖက်စစ်အုပ်စုကို ကန်ဒေါ်လာ ၂၅၀သန်း လွှဲပြောင်းပေးဖွယ်ရှိနေ

Total ထွက်ခွာမည့် လာမည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ထိုင်း PTT ကုမ္ပဏီက ၎င်းနေရာတွင် ဆက်ခံမည်ဖြစ်ပြီး PTT ကုမ္ပဏီကလည်း စစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများ ဆက်လက်လွှဲပြောင်းနေဦးမည်ဖြစ်သည်။

▪️ယင်းငွေကြေးဖြင့် စစ်အုပ်စုက ပြည်သူလူထုကို သတ်ဖြတ်ရန် ကျည် ၄၁၇သန်း (သို့မဟုတ်) တိုက် လေယာဉ် ၁၇စီး ထပ်မံဝယ်ယူနိုင်

ပြင်သစ် Total Energies သည် မြန်မာပြည်မှ ထွက်ခွာမည်ဟု ကြေညာထားသော်လည်း မထွက်ခွာခင် ယခု ၆ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးဖွယ်ရှိနေသည်ဟု သွေးစွန်းငွေလှုပ်ရှားမှု(Blood Money)က ယနေ့ ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(EU)က မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ သော်လည်း ကင်းလွတ်ခွင့်များပါဝင်နေပြီး ယင်းကင်းလွတ်ခွင့်ချက်များအရ Total ကုမ္ပဏီသည် စစ်အုပ်စုထံ ငွေကြေးများဆက်လက်လွှဲပြောင်းနိုင်မည့်အပြင် အစုရှယ်ယာများကိုပါ လွှဲပြောင်း ပေးနိုင်မည်ဖြစ်သည်။

ပြင်သစ်အစိုးရသည် ယင်းကင်းလွတ်ခွင့်များကို အသုံးပြုခွင့်ပေးပါက Total လွှဲပြောင်းဖွယ်ရှိနေ သည့် ဒေါ်လာ ၂၅၀ သန်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုကို သတ်ဖြတ်ရန် ကျည်ဆံပေါင်း ၄၁၇ သန်း (သို့မဟုတ်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည့် တိုက်လေယာဉ် ၁၇ စီး ထပ်မံ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Blood Money က တွက်ချက်ပြသည်။

Public Service Announcement

Public Service Announcement

Total ထွက်ခွာမည့် လာမည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ထိုင်း PTT ကုမ္ပဏီက ၎င်းနေရာတွင် ဆက်ခံမည်ဖြစ်ပြီး PTT ကုမ္ပဏီကလည်း စစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများ ဆက်လက်လွှဲပြောင်းနေဦးမည်ဖြစ်သည်။

ထို့အတွက် အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အ မြန်ဆုံးပိတ်ဆို့အရေးယူရန် Blood Money က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။