Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီနှင့် ပျူစောထီးများဖက်မှ စက်ကလေးများ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MPDF က ပြောသည်။

၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဟု မုံရွာပြည်သူ့ကာကွယ်ရေးတပ်ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ၂၉ ရက်) နေ့လယ်၁၂ နာရီခန့်က ဇီးဖြူကုန်းရွာ(ပျူစောထီးစခန်း)အား မုံရွာခရိုင်တပ်ရင်း (၁) သံမဏိတပ်ခွဲ ၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁)(RES၊တောင်ပေါ်ပုဏ္ဏက၊ပုံတောင် Tiger PDF) ၊တပ်ရင်း (၂) ၊ Myaing’sHero Generationတပ်ရင်း(M.H.G) ၊God Of Myaing၊ Guerilla Ranger တပ်ဖွဲ့ဝင်ဖြစ်သော P.W ထုတ်လုပ်ရေးရဲဘော်များ၊ 1.0.1၊ Urban Revolution Force၊ Underground Revolution Force၊ Underground Army၊ Aung San Force နှင့်တောင်ပိုင်းမဟာမိတ်အဖွဲ့များမှ လက်နက်ကြီးအလုံးရေ (၅၆)လုံးခန့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီနှင့် ပျူစောထီးများဖက်မှ စက်ကလေးများ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MPDF က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီးများဘက်မှ အထိအခိုက်အကျဆုံးများနိုင်ပြီး အရေအတွက်ကို မသိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဇီးဖြူကုန်းက စစ်အုပ်စုစခန်းကို နေ့လယ်က စတိုက်တာ။အဓိကတော့ လက်လုပ် လက်နက် ကြီး အားကိုးပြုပြီးတော့ ဝင်ပစ်ရတာ။ထိခိုက်မှုတော့ ရှိနိုင်တယ်။ပျူရွာဆိုတော့ သတင်းအတည်ပြုရခက်တယ်”ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းနှင့် အင်မထီးရွာတို့တွင် အကြမ်းဖက်စစ်တပ်က အင်အား ၈၀ခန့်ဖြင့် တပ်စွဲထားပြီး ယခုနှစ်ဆန်းပိုင်းကစ၍ ပျူစောထီးများကို ထိုရွာနှစ်ခု၌ မွေးထုတ်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်