Connect with us

Hi, what are you looking for?

News

ရွှေဘိုနှင့်ခင်ဦးမြို့နယ်စပ်ရှိ ကျေးရွာသုံးရွာအား အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်တပ်သည် ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၉ နာရီခန့်တွင် ရွာသူ၊ရွာသားများ ပြန်လည်ဝင်ရောက်လာချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိလာ၍ ပြည်သူများ ပြန်လည်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ခင်ဦးမြို့နယ် တပင်ကောင်း(​တောင်)ရွာအား မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️​ဒေသခံတစ်ဦးကိုလည်း စစ်​ကောင်စီတပ် ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ခင်ဦးမြို့နယ်စပ်ရှိ ကျေးရွာသုံးရွာအား အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ​​ဒေသခံပြည်သူများလည်းဖမ်း​ဆီးခံရကာ ၎င်းတို့၏ ရိုက်နှက်စစ်ဆေးမှုကြောင့် ပြည်သူတစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေပိုင်းက အင်အား၁၀၀ခန့်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာကာ ​နေအိမ် ၅၀ခန့်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို့အပြင် ရွာချင်းဆက်နေသည့် ရွှေဘိုမြို့နယ်၊ ကျားရွာနှင့် ညောင်ပင်သာရွာတို့ကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ် ကံသစ်နှင့် သာဂရ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ကံသစ်ကျေးရွာမှ ​ဒေသခံအမျိုးသား၁၀ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများအနက် ကံသစ်ကျေးရွာမှ ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးစစ်ဆေးစဥ် ရိုက်နှက်ခြင်းကြောင့် သွေးထွက်လွန်သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၉ နာရီခန့်တွင် ရွာသူ၊ရွာသားများ ပြန်လည်ဝင်ရောက်လာချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိလာ၍ ပြည်သူများ ပြန်လည်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ မနက်မှာလည်း ထပ်ပြီး မွှေနေတယ်လို့ သိရပါတယ်။ တစ်ရွာနဲ့ တစ်ရွာ အကူအညီ ပေးဖို့ လုံးဝကို ခက်ခဲနေတဲ့ အနေထား ဖြစ်နေတာပါ။ အနီးအနား ကျေးရွာတွေမှာလည်း အိုးပစ် အိမ်ပစ် ထားခဲ့ကြရပြီး ခိုလှုံစရာမရှိကြတဲ့ အခြေအနေတစ်ခု အထိ ဖြစ်နေကြပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်တစ်ခုတည်းတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေပေါင်း ၁,၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။