Connect with us

Hi, what are you looking for?

News

ရွှေဘိုနှင့်ခင်ဦးမြို့နယ်စပ်ရှိ ကျေးရွာသုံးရွာအား အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်တပ်သည် ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၉ နာရီခန့်တွင် ရွာသူ၊ရွာသားများ ပြန်လည်ဝင်ရောက်လာချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိလာ၍ ပြည်သူများ ပြန်လည်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ခင်ဦးမြို့နယ် တပင်ကောင်း(​တောင်)ရွာအား မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️​ဒေသခံတစ်ဦးကိုလည်း စစ်​ကောင်စီတပ် ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ခင်ဦးမြို့နယ်စပ်ရှိ ကျေးရွာသုံးရွာအား အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ​​ဒေသခံပြည်သူများလည်းဖမ်း​ဆီးခံရကာ ၎င်းတို့၏ ရိုက်နှက်စစ်ဆေးမှုကြောင့် ပြည်သူတစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေပိုင်းက အင်အား၁၀၀ခန့်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာကာ ​နေအိမ် ၅၀ခန့်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို့အပြင် ရွာချင်းဆက်နေသည့် ရွှေဘိုမြို့နယ်၊ ကျားရွာနှင့် ညောင်ပင်သာရွာတို့ကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ် ကံသစ်နှင့် သာဂရ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ကံသစ်ကျေးရွာမှ ​ဒေသခံအမျိုးသား၁၀ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများအနက် ကံသစ်ကျေးရွာမှ ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးစစ်ဆေးစဥ် ရိုက်နှက်ခြင်းကြောင့် သွေးထွက်လွန်သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ယနေ့ (ဧပြီ ၃၀ ရက်) နံနက် ၉ နာရီခန့်တွင် ရွာသူ၊ရွာသားများ ပြန်လည်ဝင်ရောက်လာချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိလာ၍ ပြည်သူများ ပြန်လည်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ မနက်မှာလည်း ထပ်ပြီး မွှေနေတယ်လို့ သိရပါတယ်။ တစ်ရွာနဲ့ တစ်ရွာ အကူအညီ ပေးဖို့ လုံးဝကို ခက်ခဲနေတဲ့ အနေထား ဖြစ်နေတာပါ။ အနီးအနား ကျေးရွာတွေမှာလည်း အိုးပစ် အိမ်ပစ် ထားခဲ့ကြရပြီး ခိုလှုံစရာမရှိကြတဲ့ အခြေအနေတစ်ခု အထိ ဖြစ်နေကြပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်တစ်ခုတည်းတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေပေါင်း ၁,၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေနံမှော်နှင့် ကျေးရွာ ၉ရွာအား စစ်ကောင်စီက ယမန်နေ့ည ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၈ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Facebook