Connect with us

Hi, what are you looking for?

LuduNwayOo

News

အလုပ်သမားနေ့တွင် Food Pandaကို Black Camping ပြုလုပ်၍ သပိတ်မှောက်တောင်းဆို

“ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ Food Panda ကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုတာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိနိုင်ဖို့အတွက်လည်း မျော်လင့်ပါတယ် ” ဟု Rider တစ်ဦးက ဆိုသည်။

ဓာတ်ပုံ - ဆိုရှယ်ဒီမိုကရက်စာစဥ်

ယနေ့ (မေလ ၁)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ နားရက်မရှိဘဲ အလုပ်ဆင်းနေရသည့် ရန်ကုန်မြို့ မြို့နယ်အသီးသီးမှ Rider များက Food Panda အမှတ်တံဆိပ်များပေါ်တွင် အနက်ရောင် ကြတ်ခြေခတ်အမှတ်အသား (Black Camping) ပြုလုပ်၍ အဆိုပါကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုခဲ့သည်။

Rider များသည် Food Panda ကုမ္ပဏီကို တောင်းဆိုချက်(၇)ချက်တောင်းဆိုခဲ့ပြီး အနိမ့်ဆုံး အော်ဒါကြေး ၆၇၀ကျပ် သတ်မှတ်ထားသော Riderအဆင့်အလိုက် တိုးမြှင့်ပေးရန်၊ ပို့ဆောင်ရသည့်ခရီးအကွာအဝေးကို တိုင်းတာရာ၌ Google Map ကို အသုံးပြုပေးရန်၊ Rider များ အလုပ်ချိန်အတွင်း ထိခိုက်မှုရှိပါက ကုမ္ပဏီဘက်မှ အသက်အာမခံအတွက် တာဝန်ယူဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

ထို့အပြင် Rider များကို ကွန်ပြူတာစနစ်များဖြင့် တင်းကျပ်စွာ ထိန်းချုပ်နေသည့် စည်းကမ်းချက်များကို လျော့ချပေးရန် ၊ Rider များအား တစ်ပတ်လျှင်တစ်ရက် နားခွင့်ပေးရန်နှင့် အနားယူသောနေ့အတွက် လျော့သွားသော အလုပ်ချိန်ကို Special hour ထဲသို့ ထည့်မတွက်ပဲ အပြည့်အဝနားခွင့်ပေးရန်၊ ကုမ္ပဏီဘက်မှ Rider များနှင့်ပတ်သတ်သော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ပါက ရုံးမှတရားဝင် အသုံးပြုသော Social Media နှင့် Telegram Channel များမှ တစ်ပတ်ကြိုတင်၍ တရားဝင်ကြေငြာပေးရန် ၊ Rider များအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် Hot Line ဖုန်းနံပါတ် တစ်ခုထားပေးရန် တို့ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ Food Panda ကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုတာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိနိုင်ဖို့အတွက်လည်း မျော်လင့်ပါတယ် ” ဟု Rider တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများကလည်း Food Panda Rider များနှင့်အတူ ရပ်တည်ထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊...

သတင်း

လူငယ်များက ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများအပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်။

သတင်း

ရှေ့တန်းစစ်မြေပြင်၌ စစ်ကောင်စီတပ်များ စိတ်ဓာတ်ပျက်ပြားနေပြီး ဗျူဟာမှူးကိုယ်တိုင်က ချော့မော့၍ မနည်းထိန်းသိမ်းနေရကြောင်း ခမရ(၈)တပ်ခွဲမှ CDM တပ်သားဇော်ထွဋ်က ပြောကြားသည်ဟု ဖော်ပြထားသည်။

သတင်း

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။