Connect with us

Hi, what are you looking for?

News

အလုပ်သမားနေ့တွင် Food Pandaကို Black Camping ပြုလုပ်၍ သပိတ်မှောက်တောင်းဆို

“ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ Food Panda ကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုတာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိနိုင်ဖို့အတွက်လည်း မျော်လင့်ပါတယ် ” ဟု Rider တစ်ဦးက ဆိုသည်။

ဓာတ်ပုံ - ဆိုရှယ်ဒီမိုကရက်စာစဥ်

ယနေ့ (မေလ ၁)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ နားရက်မရှိဘဲ အလုပ်ဆင်းနေရသည့် ရန်ကုန်မြို့ မြို့နယ်အသီးသီးမှ Rider များက Food Panda အမှတ်တံဆိပ်များပေါ်တွင် အနက်ရောင် ကြတ်ခြေခတ်အမှတ်အသား (Black Camping) ပြုလုပ်၍ အဆိုပါကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုခဲ့သည်။

Rider များသည် Food Panda ကုမ္ပဏီကို တောင်းဆိုချက်(၇)ချက်တောင်းဆိုခဲ့ပြီး အနိမ့်ဆုံး အော်ဒါကြေး ၆၇၀ကျပ် သတ်မှတ်ထားသော Riderအဆင့်အလိုက် တိုးမြှင့်ပေးရန်၊ ပို့ဆောင်ရသည့်ခရီးအကွာအဝေးကို တိုင်းတာရာ၌ Google Map ကို အသုံးပြုပေးရန်၊ Rider များ အလုပ်ချိန်အတွင်း ထိခိုက်မှုရှိပါက ကုမ္ပဏီဘက်မှ အသက်အာမခံအတွက် တာဝန်ယူဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

ထို့အပြင် Rider များကို ကွန်ပြူတာစနစ်များဖြင့် တင်းကျပ်စွာ ထိန်းချုပ်နေသည့် စည်းကမ်းချက်များကို လျော့ချပေးရန် ၊ Rider များအား တစ်ပတ်လျှင်တစ်ရက် နားခွင့်ပေးရန်နှင့် အနားယူသောနေ့အတွက် လျော့သွားသော အလုပ်ချိန်ကို Special hour ထဲသို့ ထည့်မတွက်ပဲ အပြည့်အဝနားခွင့်ပေးရန်၊ ကုမ္ပဏီဘက်မှ Rider များနှင့်ပတ်သတ်သော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ပါက ရုံးမှတရားဝင် အသုံးပြုသော Social Media နှင့် Telegram Channel များမှ တစ်ပတ်ကြိုတင်၍ တရားဝင်ကြေငြာပေးရန် ၊ Rider များအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် Hot Line ဖုန်းနံပါတ် တစ်ခုထားပေးရန် တို့ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ Food Panda ကုမ္ပဏီကို သပိတ်မှောက် တောင်းဆိုတာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိနိုင်ဖို့အတွက်လည်း မျော်လင့်ပါတယ် ” ဟု Rider တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများကလည်း Food Panda Rider များနှင့်အတူ ရပ်တည်ထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။