Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ အလုပ်သမား​နေ့အထိမ်းအမှတ် “ဒီမိုက​ရေစီလွတ်လပ်မှုနှင့် တရားမျှတမှုအတွက်တိုက်ပွဲဝင်ကြပါစို့”လို့ ​ကြွေး​ကြော်ဆန္ဒပြ

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

ဓါတ်ပုံ- ​ပေးပို့

​မေ-၁၊၂၀၂၆။​နေ့သစ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်နဲ့ဖားကန့်သပိတ်အင်အားစု​တွေကဒီက​နေ့ကျ​ရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မှာ စစ်အာဏာရှင်လက်အောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးပြီး မတရား ဖိနှိပ်ခံနေရတဲ့ မြန်မာတနိုင်ငံလုံးရှိ အလုပ်သမားလူတန်းစား အသီးသီးက စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ​ကြွေး​ကြော်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

“ဒီမိုက​ရေစီလွတ်လပ်မှုနှင့် တရားမျှတမှုအတွက်တိုက်ပွဲဝင်ကြပါစို့”လို့​​​ကြွေး​ကြော်ပြီး ဆယ်နဲ့ချီတဲ့ သပိတ်အင်အားစုနဲ့ ​ဒေသခံပြည်သူ​တွေက လမ်း​​လျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“အလုပ်​နေရာတွင် တရားမျှတမှုရှိမှ လူမှုအသိုင်းအဝိုင်းတွင်လည်းရှိမည်” ၊ “အလုပ်သမား​တွေမငြိမ်ဘူး တရားမျှတမှုလိုချင်တယ်” ၊ “စု​ပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုက​ရေစီ၏ အ​ခြေခံဖြစ်သည်” စတဲ့​ကြွေး​ကြော်သံ​တွေနဲ့ ဆန္ဒထုတ်​ဖော်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်​ပေးဖို့ စစ်တပ်က နိုင်ငံ​တော်အတိုင်ပင်ခံရဲ့ ဓါတ်ပုံကိုသာထုတ်ပြတဲ့အ​ပေါ် “ကျွန်ုပ်တို့အားလုံး​တောင်းဆို​နေသည်မှာ သက်ရှိထင်ရှားရှိ​ကြောင်း ဓါတ်ပုံပြရန်မဟုတ်ပါ သင်​သေပြပါ။” လို့လည်း​​ကြွေး​ကြော် နဆန္ဒပြကြပါတယ် ။

”စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ပြည်သူအားလုံး တိုက်ပွဲဝင်ကြစို့”၊“ပြည်သူများအား သတ်ဖြတ်မီးရှို့ ဗုံးကျဲမှု့ ချက်ချင်းရပ်”၊ “အကြမ်းဖက် စစ်တပ် ကျရှုံးပါစေ” စတဲ့​ကြွေး​​ကြော်သံ​တွေကိုင်ဆောင် ချီတက် ရင်းသပိတ်မှောက်ခဲ့ကြပါတယ်။

ဖားကန့်မှာ ​တော်လှန်​ရေးတပ်​တွေနဲ့ စစ်တပ်ကြားတိုက်ပွဲ​တွေမကြာခဏဖြစ်ပြီး စစ်​ရေးတင်းမာ​နေတဲ့ကြားက ​မေလ ၁ ရက်မှာအခုလို သပိတ်အဖွဲ့​တွေနဲ့ ​ဒေသခံပြည်သူ​တွေက ဆန္ဒပြခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။