Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ခရိုင်များ တိုးချဲ့မှု ပြည်တွင်းနှင့် နိုင်ငံတကာသို့လှည့်ဖြားရန် ကြိုးပမ်းမှုဟု လေ့လာသူများ သုံးသပ်

အကြမ်းဖက်စစ်ကောင်စီသည် နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးကို ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းတွင် ၁၀ ခရိုင်၊ ရှမ်းပြည်နယ်တွင် ၉ ခရိုင် ဖြင့် အများဆုံး တိုးချဲ့ဖွဲ့စည်းခဲ့သည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလလယ်ပိုင်းတွင်ရန်ကုတ်မြို့၌ပြုလုပ်​သောဆန္ဒပြပွဲတွင်ပြည်သူများကဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓါတ်ပုံ-EPA)

အကြမ်းဖက်စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ လှည့်ဖြားရန် ကြိုးပမ်းမှုအဖြစ် ခရိုင်များကို တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများက ပြောသည်။

နိုင်ငံတဝန်း ယခင်က ၇၅ ခရိုင်ဖွဲ့စည်းထားရာ အကြမ်းဖက်စစ်ကောင်စီက ၄၆ ခရိုင် အသစ်ထပ်မံ ဖွဲ့စည်းလိုက်၍ စုစုပေါင်း ၁၂၁ ခရိုင် ရှိလာခဲ့ပြီး ယင်းလုပ်ဆောင်မှုသည် လာမည့် ရွေးကောက်ပွဲ၌ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပကြောင်း လှည့်စားရန် ပြင်ဆင်မှုဖြစ်သည် စောင့်ကြည့်သူများကမှတ်ချက်ပြုသည်။

“ကိန်းဂဏန်းနဲ့ တိုင်းပြည်နဲ့ ကမ္ဘာကိုလှည့်စားဖို့လုပ်တာပေါ့။ အကြောင်းပြချက်ပေးဖို့ ပြင်ဆင်တာပေါ့။ ရွေးကောက်ပွဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်လို့ ပြောဖို့အတွက် ကိန်းဂဏန်းဖန်တီး တာပေါ့။ ရွေးကောက်ပွဲကို နယ်မြေအများအပြားမှာ လုပ်နိုင်တယ်လို့ ပြောဖို့အတွက် ပြင်ဆင်မှု ပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လေ့လာသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် လူထုထောက်ခံမှုလုံး၀မရှိသည့် နိုင်ငံရေးပါတီများဖြင့် ရွေး ကောက်ပွဲကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်စီစဥ်​နေသည်။ အဆိုပါ ရွေးကောက်ပွဲတွင် စစ်ကောင်စီသည် PR(အချိုးကျကိုယ်စားပြုစနစ်)ကျင့်သုံးရန် ကြိုးပမ်းနေသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် စစ်တပ်ကျောထောက်နောက်ခံ ပြု ပြည်ခိုင်ဖြိုးပါတီနှင့် စစ်တပ်လိုလားသော နိုင်ငံရေးပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သဖြင့် လက်ရှိ FPTP(နိုင်သူအကုန်ယူစနစ်)အစား PR စနစ် ဖြင့် အစားထိုးကျင့်သုံးရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော် မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ်နှင့် အာ ဏာရှင်စနစ်မှန်သမျှကို အမြစ်ပြတ်ဖယ်ရှားရန်လုပ်ဆောင်နေကြပြီး တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ အယောင်ပြရွေးကောက်ပွဲကို စိတ်ဝင်စားခြင်းမရှိကြပေ။

အကြမ်းဖက်စစ်ကောင်စီသည် နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးကို ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းတွင် ၁၀ ခရိုင်၊ ရှမ်းပြည်နယ်တွင် ၉ ခရိုင် ဖြင့် အများဆုံး တိုးချဲ့ဖွဲ့စည်းခဲ့သည်။

နေပြည်တော်၌ ခရိုင် ၂ ခု တိုးချဲ့ဖွဲ့စည်းကာ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် ၁ ခရိုင်၊ ၂ ခရိုင်၊ ၄ ခရိုင် စသဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်ကိုတွေ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်သည် အဖက်ဖက်တွင် အခြေအနေဆိုးရွားနေခဲ့သော် လည်း အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ ယင်းသို့ ခရိုင်များတိုးချဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း ၁၂၁ ခရိုင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်မည်ဟု ဝါဒဖြန့်ထားသည်။

နိူင်ငံအာဏာလုယူပြီး ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်၊​ပြည်သူ​နေအိမ်များမီးရှို့ဖျက်ဆီး​နေ​သောစစ်​ကောင်စီသည် ပြည်သူများ၏ ပြင်းထန်​သောခုခံ​တော်လှန်စစ်ရင်ဆိုင်​နေရပြီး နိုင်ငံ​ရေး ၊စစ်​ရေး ၊စီးပွား​ရေး၊နိုင်ငံတကာသံတမန်ရေးရာ စ​သဖြင့် ကဏ္ဍ​ပေါင်းစုံတွင် အကျပ်အတည်း​တွေ့နေသည်။ နိုင်ငံတကာက တရားဝင်အစိုးရအဖြစ်အသိ့အမှတ်ပြုမှု ရရှိရန် နည်း​ပေါင်းစုံအသုံးပြု ကြံစည်​နေ​သောစစ်​ကောင်စီ​၏ ၂၀၂၃ ​ရွေး​ကောက်ပွဲဆိုသည်မှာ စစ်​ကောင်စီ ထွက်​ပေါက်ရရန် အတွက်အ​​ယောင်ပြ​ရွေး​ကောက်ပွဲသာဖြစ်မည်ဖြစ်​ကြောင်း နိုင်ငံ​ရေး​သမားအချို့က​ပြောသည်။

​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီကို အဆိုပါနိုင်ငံ​ရေးထွက်​ပေါက်​ပေးမည်မဟုတ်​ကြောင်းအတိအလင်း​ပြောကြားထားသည်။

ရှစ်​လေးလုံးလူထုအ​ရေး​တော်ပုံနှင့်​နွေဦး​တော်လှန်​ရေးတွင် ဦး​ဆောင်ပါဝင်သူများထဲမှတစ်ဦးဖြစ်ပြီး ပြီး၊ NUCC (အမျိုးသားညီညွတ်​ရေးအတိုင်ပင်ခံ​ကောင်စီ)၏အဖွဲ့ဝင် ဦးမင်းကိုနိုင်က People’s Spring နှင့် မတ်လတွင်ပြုလုပ်​သောသီးသတ့်​မေးမြန်းခန်းတွင်​နွေဦး​တော်လှန်​ရေး၏ နိုင်ငံ​ရေးဗျူဟာနှင့်ပတ်သပ်၍​မေးမြန်းရာ “စစ်ကောင်စီရဲ့ ထွက်ပေါက်က ၂၀၀၈ အောက်က နောက်ရွေးကောက်ပွဲ အသစ်လေ။ နွေဦးတော်လှန်ရေးဗျူဟာက စစ်ကောင်စီ အသက်ဆက်ခွင့်ကို ကောင်းစွာဖျက်ဆီးနိုင်ပါတယ်။ သူတို့ အဲဒီနည်းနဲ့ အသက် ဆက်ခွင့်လုံး၀မရှိစေရ”ဟု​​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။